Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သကြားစျေး နှစ်ဆနီးပါးတက်

သကြားစျေး နှစ်ဆနီးပါးတက်


ပြည်တွင်းဈေးကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက သကြား တစ်ပိဿာကို ၁၀၀၀ ကျပ် ဝန်းကျင်သာ ရှိရာက အခု ၂၀၂၂ ဇန်နဝါရီမှာ၂၀၀၀ ကျပ်အထိ နှစ်ဆနီးပါးဈေးမြင့်တက်လာပါတယ်။

ဒါဟာ တနှစ်အတွင်း ကျပ်တထောင်ဝန်းကျင်ကို ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

ပုံမှန်ဝယ်နေကျ တရုတ်ဘက်က အဝယ်တွေ လျော့နည်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်းကစလို့ဗီယက်နမ်က မြန်မာ့သကြားကို ဝယ်ယူမှုတွေ ရှိလာပြီး ဒီနှစ်မှာလည်း တန်ချိန်တစ်သိန်းကျော် တင်ပို့ဖို့လျာထားချက်လည်း ရှိနေပါတယ်။

ဒါပေမဲ့ သကြားဈေးတွေ ပြည်တွင်းဈေးကွက်မှာ မြင့်တက်နေသလို ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းတွေ ရနေပေမယ့်လည်း တစ်ဖက်မှာ ‌ ကြံစိုက်တောင်သူတွေအနေနဲ့ အကျိုးအမြတ် မခံစားရသေးဘဲ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေကြရပါတယ်။

ကသာ ‌ဒေသက ကြံစိုက်တောင်သူတစ်ဦးက စက်ရုံတွေကို ကြံတွေ တင်ပို့နေပေမယ့် ဒေသတွင်းက စက်ရုံတစ်ချို့က ငွေရှင်းမပေးသေးဘဲ ကြန့်ကြာနေတာကြောင့် ကြံတွေကို စက်ရုံကို တင်ပို့တာ ခဏ ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။

ဒါကြောင့် ကြံစိုက် တောင်သူတွေ အနေနဲ့ ဈေးကောင်းရနေတဲ့အချိန်မှာ ရသင့်တဲ့အကျိုးအမြတ်ကို ခံစားခွင့်ရဖို့ စက်ရုံတွေ လည်ပတ်ပြီး ကျသင့်ငွေတွေရှင်းပေးဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

 

BBC

Read times Last modified on Monday, 31 January 2022 07:15
Rate this item
(0 votes)