Myanmar
ပြောင်းဖူးထမင်းသုပ်
ဒီကနေ့တင်ပြမည့်အကြောင်းအရာကတော့ အိမ်တွင်လွယ်လင့်တကူ လုပ်စားနိုင်တဲ့
ပြောင်းဖူးထမင်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုစွန်ခြောက်ထောင်း၊ ငရုပ်သီးအလှော်မှုန့်၊ ကုလားပဲအလှော်မှုန့်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပရာသီး တို့ လိုအပ်ပါမယ်။
ပထမဆုံး ချက်ထားတဲ့ ထမင်းနှင့် ထွင်ထားသော ပြောင်းဖူးကိုရောကာ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုပ်သီးစိမ်း နှင့်ဆား၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက်၊ ပုစွန်ခြောက်ထောင်း၊ ငရုတ်သီးအလှော်မှုန့်၊ ကုလားပဲအလှော်မှုန့်နှင့် သံပရာသီးကို ညှစ်ထည့်လိုက်ပါ။
ပြီးလျှင် အားလုံး သမအောင်ရောနယ်ပြီး အပေါ့၊ အငန်မြည်းပြီး အရသာရှိသော ပြောင်းဖူးထမင်းသုပ်ကို ရေနွေးကြမ်းလေးနှင့် ကြိုက်နှစ်သက်စွာ သုံးဆောင်နိုင်ပါတယ်။
သက်သတ်လွတ်သမားများအတွက်ကတော့ ပုစွန်ခြောက်ထောင်းနှင့် ငံပြာရည်မထည့်ဘဲ သုပ်စားနိုင်ပါတယ်။