Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


တညင်းသီးပေါင်း

တညင်းသီးပေါ်ချိန်လေးမှာ တညင်းသီးကြိုက်တဲ့သူတွေကတောတညင်းသီး ပြုတ်စား၊ ချက်စား၊

ကင်စားကြတာ များပါတယ်။ ယနေ့တွင်တော့ တညင်းသီးပေါင်းလုပ်နည်းလေးကို စာဖတ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ တညင်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ထန်းလျက်၊ ပုစွန်ခြောက်မှုန့်၊ ငပိစိမ်းစား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး တညင်းသီးကို အခွံခွာ၊ ဇလုံတစ်လုံးထဲရေထည့်၍ ဆားထည့်ထားပေးပါ။

 

ပြီးလျှင် တညင်းသီးကို ငရုတ်ဆုံထဲသို့ တစ်လုံးချင်းထည့်ပြီး တစ်ဖက်တစ်ချက်စီထု၍ ဆားရေထည့်ထားတဲ့ ဇလုံထဲ ထည့်လိုက်ပါ။

 

ပြီးနောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို နနွင်းမှုန့်ထည့်၊ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ငရုတ်ဆုံတွင်ထည့်ကာ ညက်အောင်ထောင်းထားပါ။

 

ပြီးလျင် ဒယ်အိုးကိုယူ၍ မီးဖိုပေါ်တင်ပြီး ဒယ်အိုးထဲဆီထည့်ပါ။ ဆီပူလာလျင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတာကို ဆီသတ်လိုက်ပါ။

 

ကျက်ပြီဆိုရင် ငါးပိ၊ ထန်းလျက်၊ ရေအနည်းထည့်ပြီး ငါးပိနံ့ပျောက်တဲ့အထိ မွှေပေးထးပါ။

 

ဆီပြန်လာရင်တော့ ပုစွန်ခြောက်မှုန့်ထည့်လိုက်ပါ။

 

ပြီးနောက် ဆားရည်စိမ်ထားတဲ့ တညင်းသီးတွေကို ရေဆေးပြီး ရေစစ်ထားပါ။

 

ကြက်သွန်အနှစ်များ ဆီပြန်လာရင်တော့ တညင်းသီးထည့်၊ ရေထည့်၍ အိုးအဖုံးအုပ်ပြီး တညင်းသီးနူးလာတဲ့ အထိ ရေအနည်းငယ်ထည့်ပြီး တည်ပေးပါ။

 

တညင်းသီးနူးပြီး ဆီပြန်လာရင်တော့ အရသာကိုမြည်းကြည့်ပြီး လိုအပ်သလို ထပ်ထည့်နိုင်ပါတယ်။

 

ပြီးရင်တော့ တညင်းသီးပေါင်းလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 13:29
Rate this item
(1 Vote)