Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခူဆီပြန်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်နိုင်ပြီး

အရသာလည်းရှိ ထမင်းမြိန်စေမည့် ငါးခူဆီပြန်ဟင်းချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးခူ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ နနွင်းမှုန့်၊ စပါးလင်၊ ဆီ၊ ငရုတ်ပွခြောက်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးခူကို သေချာသန့်စင်အောင်ဆေးကြောပြီး လက်နှစ်လုံးခန့်အရွယ်တော်လေးတွေ လှီးဖြတ်ထားပါ။

 

ပြီးလျှင် ဆား၊ ငံပြာရည်၊ နနွင်းမှုန့် တို့ဖြင့် ငါးကို သမအောင် ရောနယ်ထားပါ။

 

ပြီးလဆင် ငရုတ်သီးပွခြောက်၊ စပါးလင်နှင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ရော၍ ညက်အောင် ထောင်းပေးပါ။

 

ပြီးလျှင် ငါးနှင့် ညက်အောင်ထောင်းထားသော အရာများကို ဆုပ်၍ ရောနယ်ပေးပါ။

 

ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင်တော့ နယ်ထားတဲ့ငါးကို ထည့်ပြီး ငါးအရေခွံတင်းအောင် ဟိုဘက်ဒီဘက်လှည့်၍ ငါးကို လှန်ပေးပါ။

 

ပြီးနောက် ငါးအရေခွံတင်းသွားလျှင် ရေထည့်ပြီး ငါးကျက်အောင်တည်ပေးပါ။ ငါးဆီပြန်လျှင်တော့ အရသာကို အပေါ့အငန်မြည်းပြီး တည်ထားပါ။

 

ကျက်ပြီဆိုလျှင်တော့ မီးဖိုပေါ်မှချ၍ ထမင်းပူပူလေး၊ ငါးပိရည်တို့စရာလေးနှင့် တွဲဖက်၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 11:23
Rate this item
(1 Vote)