Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ပုန်းရည်ကြီးထမင်းသုပ်လေး လုပ်စားရအောင်

လွယ်လင့်တကူပြုလုပ်နိုင်တဲ့အပြင် အရသာရှိပြီး ထပ်ခါထပ်ခါ စားချင်စေမယ့် ပုန်းရည်ကြီးထမင်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပုန်းရည်ကြီး၊ ထမင်း၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကျက်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ၊ ငါးပိရည်ကျို၊ နနွင်းမှုန့်၊ မြေပဲ၊ နံနံပင်၊ ကြက်ဥပြုတ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးပိရည်ကျိုဖို့အတွက်   ငါးပိကို ဆား၊နနွင်းနှင့် ရေသင့်ရုံထည့်ပြီး ကျိုပေးပါ။

 

ပြီးလျှင် ရေပွက်ပွက်ဆူလာပါက သုံးမိနစ်လောက် ကျိုပေး၍ ပန်းကန်တစ်ခုထဲ အရိုးများစစ်ပြီး ထည့်လိုက်ပါ။

 

ပြီးနောက် ကျိုထားသော ငါးပိရည် ပန်းကန်ထဲသို့ ငရုတ်သီးအကျက်မှုန့်နှင့် ဟင်းခတ်မှုန့်ထည့်ပြီး မွှေပေးထားပါ။

 

Read More >>>>>> ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဖာလူဒါ လုပ်သောက်ကြရအောင်

 

ပြီးလျှင် ဇလုံတစ်လုံးထဲမှာ ပုန်းရည်ကြီးနှင့် ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ ပုဇွန်ခြောက်မှုန့်၊ ငရုတ်သီးအကျက်မှုန့်၊ ဟင်းခတ်မှုန့်၊ ဆီတို့ထည့်ပြီး သမအောင် ရောမွှေပေးထားပါ။

 

ပုန်းရည်ကြီးထမင်းသုပ်ဖို့အတွက် ဇလုံတစ်လုံးထဲမှာ ထမင်းချက်ပြီးသားကို ပန်းကန်လုံးတစ်လုံးစာအတွက် ပုန်းရည်ကြီးသုပ်၊ ငါးပိရည်တို့ထည့်ကာ ရောနယ်ပေးထားပါ။

 

ပြီးလျှင် ရောနယ်ထားတဲ့ ထမင်းသုပ်ကို အရသာမြည်းပြီး လိုအပ်သလိုအရသာပြင်ပြီးရင်တော့ အပေါ်ယံမှ ကြက်ဥထက်ခြမ်းလေးတွေတင်ပြီး နံနံပင်နှင့် ငရုတ်သီးစိမ်းလေးကို အပေါ်မှ တင်ပြီးရင်တော့ အလွန်စားကောင်းတဲ့ ပုန်းရည်ကြီး ထမင်းသုပ် မွှေးမွှေးစပ်စပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 27 April 2019 14:21
Rate this item
(1 Vote)