Myanmar
သီရိလင်္ကာနိုင်ငံသို့ ဆန် တန်ချိန် ၁,၀၀၀ လှူဒါန်း
သီရိလင်္ကာနိုင်ငံသို့ ဆန် တန်ချိန် ၁,၀၀၀ လှူဒါန်း
မြန်မာနိုင်ငံမှသီရိလင်္ကာနိုင်ငံသို့ ဆန် တန်ချိန်(၁၀၀၀) လွှဲပြောင်းလှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂ ရက်တွင် ရန်ကုန်မြို့ ရှိ Asia World Port Terminal ၌ ကျင်းပသည်။
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ယခုလှူဒါန်းမှုသည် သီရိလင်္ကာပြည်သူများအပေါ် မြန်မာအစိုးရနှင့်ပြည်သူများ၏ စာနာမှုကိုပြသခြင်းဖြစ် ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ကြောင်း ပြောကြားပြီး ဆန်လှူဒါန်းခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



