Myanmar
×
Warning
JUser: :_load: Unable to load user with ID: 540
ထမင်းစားမြိန်စေတဲ့ ပဲပင်ပေါက်နှင့် အာလူး ချဉ်ငံစပ်သုပ်
Unicode >>>>>
ထမင်းစားမြိန်စေတဲ့ ပဲပင်ပေါက်နှင့် အာလူး ချဉ်ငံစပ်သုပ်
ရာသီဥတုပူပြင်းတဲ့အချိန်မှာ အသားငါးတွေမစားချင်သူများ ချဉ်ငံစပ်စားချင်သူများအတွက် ပဲပင်ပေါက်နှင့် အာလူးချဉ်ငံစပ်သုပ်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။
Fruit Sellers သစ်သီးရောင်းဝယ်သူများ (၇၁) ခုကိုရှာရန်နှိပ်ပါ။
ပါဝင်ပစ္စည်းတွေကတော့ ပဲပင်ပေါက်၊ အာလူး၊ ပဲမှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ နံနံပင်နှင့် ကြက်သွန်ဖြူ၊ ဆီ တို့လိုအပ်ပါမယ်။
ပထမဦးဆုံး ပဲပင်ပေါက်ကို ရေနွေးလေးဖျောထားပါ။ ပြီးလျှင် ရေစစ်ထားပါ။
ပြီးနောက် အာလူးကို ပြုတ်ထားပါ။ ကျက်ရင်တော့ အအေးခံပြီး အခွံနွှာထားပါ။ ပြီးလျှင် အဆင်ပြေသလို ကျေအောင်ချေထားပါ။
Read More >>>>>    ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ထောင်း
ပြီးလျှင် ကြက်သွန်ဖြူကို အခွံနွှာ အပိုင်းကလေးဖြစ်အောင် လှီးဖြတ်ပြီး ဆီချက် ချက်ထားပေးပါ။
ပြီးရင်တော့ ဇလုံတစ်လုံးထဲသို့ ပြုတ်ထားတဲ့ ပဲပင်ပေါက်၊ အာလူး၊ ဆီချက်၊ ပဲမှုန့်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ နံနံပင်တို့ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ။  
ပြီးလျှင် အပေါ့အငန်မြည်းကြည့်ပါ။ ပြီးရင်တော့ ထမင်းစားမြိန်စေတဲ့ ပဲပင်ပေါက်နှင့် အာလူးချဉ်ငံစပ်သုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။
Myanmar Food Industry Directory
Home Page Food
Screenshot from 2020 03 26 08 49 32
Zawgyi >>>>>
Fruit Sellers သစ်သီးရောင်းဝယ်သူများ (၇၁) ခုကိုရှာရန်နှိပ်ပါ။
Read More >>>>>    ထမင်းစားမြိန်စေမယ့် ဆိတ်သားခြောက်ထောင်း
Read times Last modified on Tuesday, 31 March 2020 09:50
Rate this item
(0 votes)