Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေး ဆန်ဈေးကွက် ရန်ကုန်ပေါ်ဆန်း မဝင် ဈေးငြိမ်နေ

မန္တလေး ဆန်ဈေးကွက် ရန်ကုန်ပေါ်ဆန်း မဝင် ဈေးငြိမ်နေ

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ ပုသိမ်၊ ဖျာပုံတို့မှ ရန်ကုန် ဈေးကွက်မှတဆင့် ဝင်ရောက်မှုရှိခြင်းကြောင့် တအိတ်လျှင် ၆၅၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပါသည်။

ရွှေဘိုပေါ်ဆန်းမှာ အသစ်ပေါ်သော်လည်း ဈေးကွက်အတွင်းအဝင်နည်းသေးခြင်းကြောင့် လှောင်သမားထံမှ ဝယ်ရသဖြင့်ယခင်အပတ် ၈၇၀၀၀ ကျပ် မှ ၈၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

မနောသုခဆန်မှာ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် အသစ်တအိတ် ၄၆၀၀၀ ကျပ် အဟောင်းတအိတ် ၅၀၀၀၀ ကျပ် ဖြင့်ရောင်းဝယ်နေသည်။

ငစိန်နှင့် ဇီယာဆန်မှာ အသစ်မဝင်သေးခြင်းကြောင့် ဇီယာ တအိတ် ၄၇၀၀၀ ကျပ် ငစိန်ဆန်တအိတ် ၄၁၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ဧရာမင်း ဆန်မှာလည်း ရွှေဘိုနှင့် မန္တလေးဝန်းကျင်မှ မဝင်သေးခြင်းကြောင့် အဝင်ပုံမှန် စားသုံးမှုပုံမှန်ဖြင့် ဧရာမင်းတအိတ် ၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုးမိတ်, ရွှေကူသို့ ပုံမှန်တင်ပို့မှုရှိကြောင်း သိရသည်။
Source Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 03 December 2022 00:50
Rate this item
(0 votes)