Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်း

Unicode

ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်း


ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်းပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ဆိတ်ဖူး၊ ငရုတ်သီးစိမ်း၊ မန်ကျည်းသီးစိမ်း၊ ကြက်သွန်ဖြူ၊  စိမ်းစားငပိ၊ ပုစွန်ခြောက်မှုန့်၊ မြေပဲလှော်၊ ဆား တို့လိုအပ်ပါမယ်။


Soft Drink & Juice (933)အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၃၃) ခုကိုရှာရန်နှိပ်ပါ။


ပထမဦးဆုံး ငရုတ်သီးစိမ်းကို လှော်ပေးထားပါ။ စိမ်းစားငါးပိကို မီးဖုတ်ပေးထားပါ။ မြေပဲလှော်ကို ထောင်းပေးထားပါ။


ပြီးလျှင် ဆိတ်ဖူးထောင်းပြုလုပ်ဖို့အတွက် ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို လှော်ထားတာနှင့် မန်ကျည်းသီးစိမ်းတို့ကို ထည့်ပြီး ထောင်းပေးပါ။


Read More >>>>>  ကိုယ် ချစ်ခင်တဲ့ သူတွေပေးဖို့အတွက် အိမ်မှာ ကိုယ်တိုင်ချောက်ကလက်ပြုလုပ်လိုက်ကြရအောင်


ပြီးနောက် အတော်အသင့် ညက်သွားပြီဆိုလျှင် ဆိတ်ဖူး၊ ငါးပိဖုတ်နှင့် ပုစွန်ခြောက်မှုန့်၊ ထောင်းထားသော မြေပဲလှော်တို့ကို ထည့်ပြီး ညက်အောင် ရောထောင်းပါ။


ပြီးလျှင် အရသာအတွက် ဆားထည့်ပြီး နှံ့အောင်မွှေပေးလိုက်လျှင် အရသာရှိပြီး ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်းလေးကို ပန်းကန်လုံးထဲသို့ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။


Myanmar Food Industry Directory

 

 

 

 


 




 

Soft Drink & Juice (933)အအေးနှင့်ဖျော်ရည်လုပ်ငန်းများ (၉၃၃) ခုကိုရှာရန်နှိပ်ပါ။

 

 


 


 


 


 


 


Read times Last modified on Saturday, 22 February 2020 08:55
Rate this item
(0 votes)