Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားသုံးထပ်သား နဲ့ နာနတ်သီးဟင်း

ဝက်သားသုံးထပ်သားကို အအီပြေအောင်လို့ နာနတ်သီးနဲ့ ချက်ထားတဲ့ဟင်းကို ဖော်ပြပေးလိုက်ပါတယ်။

လုပ်ရတာလည်း အလွန်လွယ်ကူလို့ အိမ်တွင် လုပ်ကြည့်လိုက်ကြပါနော်။

 

ပါဝင်ပစ္စည်းများကတော့ ၀က်သားသုံးထပ်သား၊ နာနတ်သီး၊ ဆား၊ သကြား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ နာနတ်ပွင့်၊ ခရုဆီ၊ ပဲအနောက်ရည်၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကိုရီးယားငရုတ်ဆီ၊ ပဲငပိ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်သားသုံးထပ်သားကို အတုံးလေးတွေဖြစ်အောင်လှီး ရေစင်အောင်ဆေးပြီး ဆား၊ သကြားတို့နှင့် နယ်၍ ရေမမြုပ်တမြုပ်ထည့်ပြီး ကြက်သွန်ဖြူ၊ ချင်း ထုထည့်ပြီး ပြုတ်ပါ။ ပြီးလျှင် နာနတ်ပွင့်ပါ ထည့်ပြုတ်လိုက်ပါ။

 

ပြီးလျှင် အပေါ်ကြောတင်းပြီး လှီးလို့ရတဲ့အနေဆို လင်ဗန်းထဲထည့်အအေးခံပါ။ အေးရင် ၀က်သားကို ခပ်ပါးပါးအမြှောင်းကြီးကြီး လှီးထားပါ။

 

ပြီးရင်တော့ လှီးပြီးသားတွေ ပြုတ်ရည်ထဲပြန်ထည့်ပြီးရင် ခရုဆီ ပဲအနောက်ရည်၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့် ၊ ကြက်သွန်နီလေးခြမ်းစိတ်၊ ကြက်သွန်ဖြူထုထည့် အားလုံးသမအောင် ရောမွှေပြီး အဖုံးအုပ်ထားပါ။

 

ပြီးနောက် ကိုရီးယားငရုတ်ဆီနဲ့ ပဲငပိအနည်းငယ်စီ ထည့်ပါ။ ပြီးလျှင် ဝက်သားနူးပြီး ဆီပြန်ခါနီးရင်တော့ နာနတ်သီးပါးပါးလှီးထားတာထည့်လိုက်ပါ။

 

အားလုံးနူးပြီး အိကျသွားရင် ဝက်သုံးထပ်သား နာနတ်သီးဟင်းကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:37
Rate this item
(2 votes)