Myanmar
ကြက်ဥပူတင်းကျောက်ကျော
ဝါတွင်းကာလအလှူလုပ်ချင်သူများနှင့် ကလေးများလည်း အကြိုက်တွေ့စေမယ့်
ကြက်ဥပူတင်းကျောက်ကျောပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ကျောက်ကျော၊ ကြက်ဥ၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ကျောက်ကျော၊ ကြက်ဥ၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့ အားလုံးကို သမအောင် ရောမွှေပေးပါ။
ပြီးလျှင် ရေကို ကျောက်ကျောကြိုမည့်အိုးထဲထည့်၍ ရေဆူအောင် တည်ပေးထားပါ။
ရေဆူလာပါက သမအောင် ရောမွှေထားတဲ့ ပါဝင်ပစ္စည်းများအားလုံးကို ထည့်လိုက်ပါ။
ပြီးလျှင် အဆက်မပြတ်မွှေပေးပြီး မီးပြင်းပြင်းနှင့် ကျိုထားပါ။
ကျိုထားပြီး မမွှေလျှင် အိုးကပ်နိုင်သည့်အတွက်ကြောင့် အောက်အထိ မွှေပေးရန် လိုအပ်ပါတယ်။
ပြီးနောက် ကြက်ဥအနှစ်ကလေးတွေ ခဲလာသည်အထိ ကြိုထားပေးပါ။ ကြက်ဥအနှစ်နဲ့ ကျောက်ကျောသား ကွဲလာပြီဆိုရင်တော့ ရပါပြီ၊
ပြီးလျှင် လင်ဗန်းထဲလောင်းထည့် အအေးခံပြီး အေးလျှင် ရေခဲသေတ္တာထဲတွင် ခဏထည့်ပြီးမှ မိမိစိတ်ကြိုက်ပုံစံလှီးဖြတ်၍ သုံးဆောင်နိုင်ပါတယ်။
Read More >>>>> ကလေးများအကြိုက်တွေ့စေမယ့် သရက်သီးရေခဲမုန့်