Myanmar
မန္တလေး ဆန်ဈေးကွက် ဆန်အသစ်များ ဝင်ရောက်
မန္တလေး ဆန်ဈေးကွက် ဆန်အသစ်များ ဝင်ရောက်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် ၁အိတ်လျှင် ၆၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ရွှေဘိုပေါ်ဆန်းအသစ်များဝင် ရောက်လာခြင်းကြောင့် ၁အိတ်လျှင် ၆၅၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေသည်။
မနောသုခဆန်မှာလည်း အသစ်များဝင်ရောက်လာပြီး အသစ်တအိတ် ၄၀၀၀၀ကျပ်၊ အဟောင်းတအိတ် ၅၀၀၀၀ကျပ်ဖြင့် မြို့ တွင်းသုံးနှင့် မန္တလေးအနီးတဝိုက်မြို့များမှ ဝယ်ယူမှုရှိသည်။
ဇီယာဆန်နှင့် ငစိန်ဆန်မှာအသစ်မဝင် သေးခြင်း၊ မြို့တွင်းသုံးနှင့် မုန့်လုပ်ငန်းသမားများ ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ငစိန်ဆန်တအိတ် ၄၂၀၀၀ကျပ် ဇီယာဆန်တအိတ် ၄၇၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဧရာမင်းဆန်မှာ အသစ်စတင်ဝင်ရောက်မှုရှိသဖြင့် အသစ်တအိတ် ၅၁၀၀၀ကျပ် အဟောင်း တအိတ် ၆၅၀၀၀ကျပ်ဖြင့် မိုးမိတ်၊ရွှေကူနှင့်မန္တလေးဝန်းကျင်ဒေသများသို့ တင်ပို့မှုရှိသည်။
Source Market Information Service- DOP- MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



