Myanmar
မန္တလေး ကိုင်းတန်းဈေး ဆန်အဝင်အထွက်နှင့် ဈေးနှုန်းများ
မန္တလေး ကိုင်းတန်းဈေး ဆန်အဝင်အထွက်နှင့် ဈေးနှုန်းများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကိုင်းတန်းဈေးမှ ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအသစ်များ အဝင်များလာခြင်းကြောင့် ရွှေဘိုပေါ်ဆန်း ယခင်အပတ် ၆၅၀၀၀ ကျပ် မှ ၆၃၀၀၀ ကျပ်သို့ ဈေးနိမ့် သွားသည်။
ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တအိတ် ၆၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မနောသုခဆန်မှာ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း အဟောင်းလက်ကျန်အဝင် နည်းပြီး အသစ်များသာ အရောင်းအဝယ်ဖြစ်မှုများသဖြင့် ယခင်အပတ် ၄၃၀၀၀ ကျပ် မှ ယခုအပတ် ၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဇီယာဆန်မှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တအိတ် ၄၇၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး
ငစိန်ဆန်မှာ အဟောင်းအဝင်နည်းသွားပြီး အသစ်များသာ ဝယ်ယူမှုများလာသဖြင့် တအိတ် ၄၀၅၀၀ ကျပ်မှ ၄၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန်သစ်များ အဝင်များလာသဖြင့် အသစ်တအိတ် ၅၂၀၀၀ ကျပ် အဟောင်းတအိတ် ၆၅၀၀၀ ကျပ်ဖြင့် မန္တလေးဝန်းကျင်မြို့များနှင့် ကွတ်ခိုင်၊ ဗန်းမော်သို့ တင်ပို့မှုရှိသည်။
Source Market Information Service- DOP- MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



