Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်ငါးဆုပ်ဟင်းချက်နည်း

ဒီကနေ့တင်ပြမည့် ဟင်းချက်နည်းကတော့ ပုစွန်ငါးဆုပ်ဟင်းချက်နည်းပဲ ဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပုစွန် ၃၀ ကျပ်သား၊ ကြက်သွန်နီအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ ဆား အနည်းငယ်၊ နနွင်းမုန့်အနည်းငယ်နှင့် ကြက်သားမုန့်အနည်းငယ်တို့ လိုအပ်ပါမယ်။

ဟင်းအနှစ်အတွက် ကြက်သွန်နီ အနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ခရမ်းချဉ်သီးအနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်၊ ငံပြာရည်အနည်းငယ်၊ ဆီ အနည်းငယ်၊ ငရုတ်သီးမှုန့်အနည်းငယ်၊ နနွင်းမှုန့်အနည်းငယ်နှင့် နံနံပင် အနည်းငယ်တို့ လိုအပ်ပါမယ်။

ပုစွန်ကို အရင် ရေစင်အောင်ဆေးကြောပြီး ကြိတ်စက်တွင် ညက်နေအောင် ကြိတ်ပေးထားပါ။ ပြီးလျှင် ကြက်သွန်အနီ၊ ကြက်သွန်အနီများကိုလည်း ညက်နေအောင် ကြိတ်ပါ။ ပြီးလျှင်တော့ ပုစွန်နှင့် ရောနယ်လိုက်ပါ။ ပြီးနောက် ဆားအနည်းငယ်၊ နနွင်းမုန့်နှင့် ကြက်သားမုန့်အနည်းငယ် ရောထည့်ပြီး နယ်ပါ။ ရောနယ်ထားသော ပုစွန်ကို အလုံးငယ်လေးများလုံးကာ ဆီပူပူတွင် ကျက်အောင် ကြော်ပေးထားပါ။

ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး အပူပေးကာ လှီးဖြတ်ထားသော ကြက်သွန်များကို ဆီသတ်ပေးထားပါ။

ကြက်သွန်များ ကျက်လာလျှင် ခရမ်းချဉ်သီးထည့်မွှေပေးပါ။ ပြီးလျှင် ငရုတ်သီးမှုန့်အနည်းငယ်ထည့်ပြီး မွှေပေးပါ။ အသင့်ကြော်ထားသော ပုစွန်ငါးဆုပ်များကို ရောထည့်ပြီး လုံးပေးပါ။

ပြီးလျှင် ရေအနည်းငယ်ထည့်ကာ ဆီပြန်အောင်တည်ပြီးရင်ဖြင့် ပုစွန်ငါးဆုပ်ဟင်းကို ရပါပြီ။ မီးဖိုပေါ်မှချခါနီးမှာ နံနံပင်အုပ်ပေးရင် အရသာရှိသော ပုစွန်ငါးဆုပ်ဟင်းကို စတင်၍ သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:47
Rate this item
(2 votes)