Myanmar



တနင်္သာရီတိုင်းဒေသကြီးမှ သဘာဝငှက်သိုက်များ စျေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသည့် သဘာဝငှက်သိုက်များ စျေးကောင်းရရှိလာသဖြင့် ငှက်ခေါ်စက်များ တပ်ဆင်ကာ

ငှက်သိုက်လုပ်ငန်းလုပ်ကိုင်သူ တိုးတက်များပြားလာ‌ကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာန၏ သတင်းများအရသိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးတွင် ငှက်သိုက်ကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များရှိ သဘာဝတောတောင်များမှ ရှာဖွေထုတ်လုပ်ရောင်းချနေပြီး နေအိမ်များတွင်လည်း မွေးမြူထုတ်လုပ်ရောင်းချနေကြောင်း၊ မြိတ်ကျွန်းစုဒေသ နှင့် ကော့သောင်းဒေသတို့မှ ထွက်ရှိသော ငှက်သိုက် (အမည်း) Bird’s Nest(Black) များသည် စင်ကာပူနိုင်ငံတွင် စျေးကွက်ခိုင်မာစွာရရှိနေပြီဖြစ်သဖြင့်ငှက်သိုက် တစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၄၇၀ ဒေါ်လာထိ ပေါက်စျေးရရှိနေကြောင်း သိရသည်။

 

Ever Plastic

Click Here >>> Ever Plastic

 

သဘာဝငှက်သိုက်များကို ပြည်ပဖောက်သည် စျေးကွက်နိုင်ငံများသို့ တင်ပို့ရောင်းချ ပေးနေရသောကြောင့် ငှက်သိုက်စျေးနှုန်းများမြင့်တက်လာကာ စျေးကွက်သွက်လက် လှုပ်ရှားလာသဖြင့် တနင်္သာရီတိုင်းဒေသကြီးရှိနေအိမ်များတွင် ငှက်ခေါ်စက်များတပ်ဆင်ကာ ငှက်သိုက်လုပ်ငန်းလုပ်ကိုင်သူများ ပြားလာခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါပင်ရင်း ဒေသများ၌ သဘာဝငှက်သိုက်၏ စျေးနှုန်းများမှာ ငှက်သိုက်အကြမ်း တစ်ကျပ်သားလျှင် ငွေကျပ် ၃၆,၀၀၀၊ ငှက်သိုက်အချာ တစ်ကျပ်သားလျှင် ငွေကျပ် ၅၃,၀၀၀ နှင့် တစ်ခါသောက်ပုလင်း ၄၅ မီလီလီတာတစ်ဘူးလျှင် ငွေကျပ် ၆,၀၀၀ ခန့်ရှိနေပြီး ယခုအခါ ငှက်သိုက်များကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြကာဖြန့်ဖြူး ရောင်းချပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source MWD

Myanmar Food industry Guide

Read times Last modified on Tuesday, 31 January 2023 10:25
Rate this item
(0 votes)