Myanmar



မန္တလေး ပဲမျိုးစုံ ဈေးနှုန်း အတက်အကျများ

မန္တလေး ပဲမျိုးစုံ ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 မန္တလေး ပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းများအနက် မတ်ပဲ ဈေးနှုန်းမှာ ရန်ကုန်ဝယ်လက်ရှိခြင်း၊ အသစ်ဝင်ရောက်မှုနည်းခြင်းတို့ကြောင့် အရည်အသွေးပေါ်မူ တည်၍ အနိမ့်ဆုံး ၆၀ပိဿာ ၁၈၇၀၀၀ကျပ်မှ အမြင့်ဆုံး ၁၉၁၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့်ရောင်း ဝယ်နေသည်။

   .     

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း(လမ်း)မှာ အရောင်းအဝယ်အေးခြင်း၊ ပစ္စည်းနည်းခြင်း ကြောင့် ၅၆.၂၅ပိဿာအနိမ့်ဆုံး ၁၈၀၀၀၀ကျပ်မှ အမြင့်ဆုံး ၂၁၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲတီစိမ်း(ခရမ်း)မှာလည်း ပစ္စည်းနည်းအရောင်းအဝယ်အေးခြင်းကြောင့် ၂၂၀၀၀၀ကျပ်မှ ၂၂၇၀၀၀ ထိ ယခင်အပတ်ထက်ဈေးမသိမသာနိမ့်နေသည်။ ပဲတီစိမ်း(အညာ)မှာ အဝင်ပုံမှန်စက်သမားနှင့် တရုတ်အဝယ်ပုံမှန်ရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၅၆.၂၅ပိဿာ ၁၄၅၀၀၀ကျပ်မှ ၁၆၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့်ရောင်းဝယ်နေသည်။

  .     

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ ပဲပုတ်(မြန်မာ)မှ အသစ်ဝင်ရောက်မှုရှိခြင်း၊ လုပ်ငန်းသမားအဝယ် ရှိခြင်းကြောင့် ၅၃.၂၅ပိဿာ ၁၈၀၀၀၀ကျပ်မှ ၁၈၂၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ပဲပုတ် (ရှမ်း)မှာ ဆောင်းပဲပေါ်စဖြစ်၍ အဝင်ရှိခြင်း၊ ဆီစက်သမားဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ယခင်အပတ် ၅၃.၂၅ ပိဿာ အရည်အသွေးအကောင်းဆုံး ၁၇၀၀၀၀ ကျပ်မှ ယခုအပတ် ၁၆၇၀၀၀ ကျပ်သို့ ဈေး မသိမသာ နိမ့်သွားသည်။

 .

ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ အထွက်နည်းအဝင်နည်းခြင်း၊ လှောင်သမားနှင့် ရန်ကုန်ဝယ်လက် ရှိခြင်းတို့ကြောင့် ပဲစဉ်းငုံ (နီ) ၆၀ပိဿာ အရည်အသွေးအကောင်းဆုံး ၁၉၅၀၀၀ ကျပ်မှ ယခုအပတ် ၂၁၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ပဲစဉ်းငုံ (ဖြူ) မှာလည်း အဝင်နည်းခြင်းကြောင့် ၆၀ပိဿာ ၁၉၄၀၀၀ ကျပ်မှ ၂၀၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 .       

ကုလားပဲ (လုံးဝါကြီး/လုံးဖြူကြီး) တို့မှာ အဝင်နည်းခြင်း၊ လှောင်သမားနှင့် ရန်ကုန်ဝယ် လက်ရှိခြင်းကြောင့် ကုလားပဲ (လုံးဖြူကြီး) ၅၇.၂၅ပိဿာ ယခင်အပတ် ၁၉၄၀၀၀ ကျပ်မှ ယခု အပတ် ၂၀၂၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ကုလားပဲ (လုံးဝါကြီး) မှာ အသစ်ဝင်ရောက်မှုရှိခြင်း အရည်အသွေး ကောင်းခြင်းကြောင့် ၅၇.၂၅ ပိဿာ ၁၈၅၀၀၀ ကျပ်မှ ယခုအပတ် ၁၉၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာလည်း လုံးဝါကြီးဈေးမြင့်သဖြင့် အမြင့်ဈေးဖြင့် ဝယ်ယူ ကြိတ်ခွဲရသော ကြောင့် ၁ပိဿာ ၄၅၀၀ ကျပ် မှ ၄၇၇၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

.

ပဲယင်းနှင့် မြေတောက်ပဲ တို့မှာ အသစ် အဝင်နည်းခြင်း၊ ခွဲစက်သမား ဝယ်ယူမှုပုံမှန်ရှိခြင်း ကြောင့် ပဲယင်း ၆၀ ပိဿာ ၁၅၃၀၀၀ကျပ်မှ ၁၅၀၀၀၀ကျပ်သို့ဈေးမသိမသာနိမ့် သွားပြီး မြေတောက်ပဲမှာယခင်အပတ်အတိုင်း ၅၄ပိဿာအရည်အသွေးအညံ့ဆုံး ၂၇၀၀၀၀ကျပ်မှ အကောင်းဆုံး ၂၈၅၀၀၀ကျပ်ဖြင့်ဈေးငြိမ်နေသည်။ 

.

စားတော်ပဲ(ကျွန်း)မှာလည်း အဝင်ပုံမှန်လက်လီ သမားအဝယ် ပုံမှန်ရှိခြင်းကြောင့် ၅၉.၂၅ပိဿာလျှင် အရည်အသွေးပေါ်မူတည်၍ ၃၀၀၀၀၀ကျပ်မှ ၃၂၀၀၀၀ကျပ် ဈေးအမျိုးမျိုးဖြင့်ရောင်းဝယ်နေသည်။

.

ပဲလွန်းဖြူ/ပြာတို့မှာ အသစ်ဝင်ရောက်မှုရှိသော်လည်း အဝင်နည်းခြင်းကြောင့် လက်လီသမား အဝယ်သာရှိခြင်းတို့ကြောင့် ပဲလွန်းဖြူ ၆၀ပိဿာ ၁၄၅၀၀၀ကျပ်၊ပဲလွန်းပြာ ၅၄.၂၅ပိဿာ ၁၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ပဲကြီး(ကြီး/သေး)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ ပဲကြီး(ကြီး)၅၅.၂၅ပိဿာ ၂၄၅၀၀၀ကျပ် ပဲကြီး(သေး) ၂၂၅၀၀၀ကျပ်၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ပိဿာ ၂၄၅၀၀၀ကျပ်ဖြင့်အဝင်ပုံမှန်လုပ်ငန်း သမားအဝယ်ပုံမှန်ဖြင့်ဈေးတည်ငြိမ်နေပြီး ထောပတ်ပဲ(သေး)မှာ အသစ်အဝင်နည်းသေးခြင်း၊ လက် လီသမားအဝယ်များခြင်းကြောင့် ၅၆.၂၅ပိဿာ ၂၂၈၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ ဈေးမြင့်လာသည်။

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 17 March 2023 15:49
Rate this item
(1 Vote)