Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့စေမယ့် အာလူးသုပ်

Union

ကလေးများအကြိုက်တွေ့စေမယ့် အာလူးသုပ်


ကလေးများလည်း အကြိုက်တွေ့စေမည့်အပြင် လူကြီးများအတွက်လည်း စားရတာ အဆင်ပြေစေမည့် အာလူးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ သခွားသီး၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ဂဏန်းအသားချောင်း၊ စပျစ်သီးခြောက်၊ မရောနစ်၊ ငံပြာရည်၊ သကြား ဆား တို့ လိုအပ်ပါမယ်။


Onion, Garlic, Potato, Tamarind Warehouses ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးနှင့် မန်ကျည်းသီးပွဲရုံများ ၂၄၆ ခုကိုရှာရန်နှိပ်ပါ။


ပထမဆုံး အာလူးကို ရေဖြင့် သန့်ရှင်းအောင် ဆေးကြောပြီး ဆားထည့်၍ ပြုတ်ပေးပါ။ ပြီးလျှင် အာလူးပူနေတုန်း အခွံခွာပြီး ဇွန်းဖြင့် ချေပေးထားပါ။


ပြီးလျှင် သခွားသီးကို ပါးပါးလှီးပြီး ဆားဖြူး၍ နယ်ထားပါ။


ပြီးနောက် မုန်လာဥနီကိုလည်း အပြားကလေးများဖြစ်အောင် မိမိစိတ်ကြိုက် လှီးပြီး ကြက်သွန်နီကိုလည်း ပါးပါးလှီးဖြတ်ထားပါ။


မုန်လာဥနီကို ပြုတ်ပြီး မီးကိုလျှော့၍ ကြက်သွန်နီ၊ စပျစ်သီးခြောက်များကို ရေနွေးထဲသို့ ရောထည့်လိုက်ပါ။


ပြီးနောက် ဆန်ကာဖြင့် ရေစစ်ထားပါ။


ပြီးလျင် ဂဏန်းအသားချောင်းကို အရွယ်တော်လေးတွေဖြစ်အောင် လှီးဖြတ်ထားပါ။


Read More >>>>>  သက်သတ်လွတ်သမားများအတွက် ငှက်ပျောဖူးဟင်းချို


နောက်ဆုံးမှ ချေထားသောအာလူး၊ ရေညှစ်ထားတဲ့သခွားသီး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ စပျစ်သီးခြောက်တို့ကို ရောထည့်ပြီးနောက် ဂဏန်းသားချောင်းကို ထည့်လိုက်ပါ။ ပြီးတော့မှ ရောမွှေပေးပါ။


ပြီးလျှင်တော့ အလွန်အရသာရှိတဲ့  အာလူးသုပ်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။


#Myanmar Food Industry Directory

 

 

 


 


 


 


 


 


 


 


 


 


 


 


 


 


Read times Last modified on Friday, 28 February 2020 10:32
Rate this item
(0 votes)