Myanmar



မန္တလေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်း အတက်အကျ အခြေအနေ

မန္တလေးဆန်ပွဲရုံများတွင်   ဆန်ဈေးနှုန်း  အတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

30 3 2023

 

 မန္တလေးဈေးကွက် ဆန်ဈေးနှုန်းအနေဖြင့် 

 

ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန် ရှိခြင်းကြောင့် တအိတ် ၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ရွှေဘိုပေါ်ဆန်းမှာလည်း မြို့တွင်းသုံး ဝယ်ယူမှုပုံမှန်ဖြစ်ခြင်းကြောင့် တအိတ် ၇၉၀၀၀ ကျပ် ဈေးတည်ငြိမ်နေသည်။

 

ဇီယာဆန်နှင့် ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှတဆင့် ဝယ်ယူရသော ဆန်ဖြစ်ခြင်း၊ တောင်သူ ထံလက်ကျန်နည်းသွားခြင်း မြို့တွင်းသုံးနှင့် လုပ်ငန်းသုံး ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ဇီယာဆန် တအိတ် ယခင်အပတ် ၅၈၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်သို့လည်းကောင်း၊ ငစိန်ဆန် တအိတ် ၅၄၀၀၀ ကျပ် မှ ၅၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

မနောသုခဆန်မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ဖြစ်ခြင်းကြောင့် တအိတ် ၆၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဧရာမင်းဆန်မှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန် အသစ်တအိတ် ၇၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source:Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 31 March 2023 15:16
Rate this item
(0 votes)