Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက်တွေ့ စေမယ့် ရေညှိကြက်ဥလိပ်

 ကြက်ဥကို နေ့တိုင်းစားနေကြပုံစံနှင့် မတူဘဲ ကြက်ဥရေညှိလိပ်လေး လုပ်စားလို့ရအောင် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ၊ ရေညှိခြောက်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ဥကို ခလောက်ပြီး ဆားနဲ့အသေချာလေး မွှေပေးလိုက်ပါ။

 


ပြီးနောက် ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး  ဒယ်အိုးတစ်ခုလုံးကို ဆီပြန့်အောင်လုပ်လိုက်ပါ။

 


ပြီးလျှင် မီးအပူပေးပြီး ပူပြီဆိုရင်တော့  ကြက်ဥထည့်လိုက်ပါ။

 

Read More >>>>>  အသီးအရွက်တွေကို ဘယ်လိုတာရှည်ခံအောင်ထိန်းသိမ်းမလဲ

 


ပြီးနောက် ရေညှိထည့်ပေးလိုက်ပါ။

 


ပြီးလျှင် ကြက်ဥကို လိပ်လိုက်ပါ။ ပြီးနောက် တစ်ဖက်ကနေ ထပ်လိပ်ပေးလိုက်ပါ။

 


လိပ်ပြီးသွားပြီဆိုရင်တော့  ကြက်ဥကို အတုံးလေးတွေလှီးပြီး တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Friday, 16 August 2019 15:47
Rate this item
(1 Vote)