Myanmar



မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ရန်ကုန်ပေါ်ဆန်း အဝင်နည်း ၊ လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ၇၅၀၀၀ ကျပ် မှ ၇၈၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

.

ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခုထဲမှ ထွက်ရှိသော ဆန်ဖြစ်၍ တောင်သူထံ လက်ကျန်နည်းပြီး လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် သကြႅန်မတိုင်မှီ ၈၀၀၀၀ ကျပ် မှ ယခုအပတ် ၉၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

.

ဇီယာဆန်မှာ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း၊ လက်ကျန်များခြင်းကြောင့် ၆၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.

ငစိန်ဆန်မှာ သကြႅန်ကာလအပြီး မုန့်လုပ်ငန်းသမားများ အဝယ်ရှိခြင်း ၊ အသစ်မဝင်သေးဘဲ လက်ကျန်နည်းခြင်းကြောင့် သကြႅန်မတိုင်မှီ တစ်အိတ် ၅၅၀၀၀ ကျပ် မှ ၅၉၀၀၀ ကျပ်ထိ ဈေးမြင့်လာသည်။

,

မနောသုခဆန်မှာ အဝင်ပုံမှန် ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ်  ၆၃၀၀၀ ကျပ်  ဖြင့် ဈေးတည်ငြိမ်နေသည်။

,     

ဧရာမင်းဆန်မှာ  တောင်သူထံ လက်ကျန်နည်းပြီး လှောင်သမားထံမှဝယ်ရခြင်း ၊ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ ကျပ် မှ ၈၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 23 April 2023 12:23
Rate this item
(0 votes)