Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးပေါ်ချိန်လေးမှာ သရက်ပြင်ပြုလုပ်ကြရအောင်

သရက်သီးပေါ်ချိန် သရက်သီးပေါချိန်လေးမှာ အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ သရက်ပြင်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

သရက်ပြင်ပြုလုပ်တော့မယ်ဆိုရင် မှည့်ပျော်နေတဲ့ သရက်သီးကိုအခွံနွှာပါ။

 

ပြီးနောက် အနှစ်ကိုကြေအောင်ချေပြီး  ဆားလေးသင့်ရုံထည့်၍ မီးအေးအေးနဲ့ကျိုလိုက်ပါ။

 

သရက်သီးများ ပျစ်လာပြီဆိုရင်တော့ အအေးခံပြီး လင်ဗန်း သို့မဟုတ်  အပြားဇောက်နက်နက်ထဲကိုထည့်လိုက်ပါ။

 

Read More >>>>>  တိုင်းရင်းသားအစားအစာ ညဈေးနှင့် " ချင်းရိုးရာ ပရဲထိုးပွဲ နှင့် ကယန်းပွဲတော် "

 

ပြီးလျှင် ဇွန်းကလေးနဲ့ညီအောင်လိုက်ညှိပြီး နေပူလှမ်းပါ။

 

အရည်လည်းစစ်၊ ကျိုတာလည်း ရေမကျန်ဘူးဆိုရင် တစ်နေလှမ်းရုံနဲ့ ခွာစားလို့ရပါပြီ။

 

ခွာရလွယ်အောင် သရက်ပြင်လှန်းမယ့် လင်ဗန်းကို ဆီပါးပါးလေး လူးပေးပါ။

 

ပြီးလျှင် ရောင်းတမ်းသရက်ပြင်တွေ ညိုနေရတာက သရက်သီးအနာတွေ အမှည့်လွန်တာတွေကိုပါ ရောကျိုလို့ဖြစ်ပါတယ်။

 

သရက်ပြင်လတ်ဆတ်တယ်ဆိုရင်တော့ အရောင်က အဝါလေးဖြစ်ပါတယ်။

Read times Last modified on Monday, 18 March 2019 17:23
Rate this item
(2 votes)