Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပုန်းရည်ကြီးထမင်းကြော်

ပုန်းရည်ကြီးထမင်းကြော်နည်းလေးကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ

အိမ်တွင် လွယ်လင့်တကူ ချက်ပြုတ်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ထမင်း၊ ပုစွန်ခြောက်၊ ပုန်းရည်ကြီး၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ပဲငံပြာရည်အကြည်၊ ဆီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပရာသီး၊ ကြက်ဥ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင် အတုံးကလေးများတုံးထားပါ။ ပြီးလျှင် ကြက်သားမှုန့်နှင့် ရောနယ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာလျှင် ကြက်ဥမွှေပြီးသားကို ထည့်ကြော်လိုက်ပါ။

 

ကြက်ဥကြော်ပြီးသွားလျှင် ကြက်သားတုံးထားတာလေးတွေကိုလည်း ထည့်ကြော်ပေးပါ။

 

ကြော်ပြီးလို့ ဆီကုန်လျှင် ဆီထပ်ထည့်ပြီး ပုန်းရည်ကြီးကို ထည့်ကြော်ပြီး မွှေပေးပါ။

 

ပြီးလျှင် ထမင်းထည့်ပြီး ပုန်းရည်ကြီးနဲ့ထမင်းကို ရောမွှေပေးပါ။

 

ပြီးနောက် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီးနောက် သကြားပါထည့်ပြီး မွှေပေးပါ။

 

ထမင်းကြော်ကျက်ပြီဆိုရင်တော့ ပန်းကန်ပြားထဲထည့်လိုက်ပါ။

 

နောက်မှ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် အပြားလိုက်ကြော်ထားတဲ့ ကြက်ဥကို လိပ်ပြီး အကွင်းလိုက်လှီးပါ။

 

ထမင်းကြော်နှင့်တွဲစားဖို့အတွက် ပုစွန်ခြောက်၊ ကြက်သားကြော်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ သံပရာသီး၊ ကြက်ဥကြော်၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို ထမင်းကြော်ဘေးမှ ပုံထားပါ။

 

နောက်ဆုံးမှ ထမင်းကြော်ပေါ်ကို သံပရာရည်ညှစ်ပြီး ရင်တော့ အရသာရှိတဲ့ ပုန်းရည်ကြီးထမင်းကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:06
Rate this item
(3 votes)