Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆွမ်းမွှေးအုန်းနို့ကျောက်ကျော

ဆွမ်းမွှေးအုန်းနို့ကျောက်ကျော google

ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ဆွမ်းမွှေး အုန်းနို့ကျောက်ကျောပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကျောက်ကျော၊ သကြား၊ အုန်းနို့၊ ဆား၊ ဆွမ်းမွှေးရွက် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆွမ်းမွှေးကျောက်ကျောအတွက် ဆွမ်းမွှေးရွက်ကို ရေဆေးသန့်စင်ပြီးလျှင် လက်တစ်ဆစ်လောက်ညှပ်ပြီး ရေအနည်းထည့်၍ ကြိတ်စက်နဲ့ကြိတ်ပေးထားပါ။

 

ပြီးနောက် ရလာတဲ့အရည်ကို အဖတ်တွေမပါအောင် စစ်ပေးထားရပါမယ်။

 

ဆွမ်းမွှေးကြိတ်ရေထဲကို ကျောက်ကျော၊ သကြား၊ ဆား အနည်းငယ်ထည့်ပြီး ပျော်အောင် မွှေပေးထားပါ။

 

ပြီးလျှင် မီးဖိုပေါ်တင်ပြီး အရည် ဆူပွက်လာတဲ့အထိ တည်ပေးထားပါ။ ရေဆူလာလျှင်တော့ မီးလျှော့ပြီး မိနစ်အနည်းငယ်လောက် ထပ်မွှေပေးထားပါ။ ပြီးနောက် လင်ဗန်းထဲသို့လောင်းထည့်ပြီး အအေးခံထားပါ။

 

အုန်းနို့ကျောက်ကျောအတွက် အုန်းနို့၊ သကြား၊ ရေထည့်ပြီး သကြားပျော်အောင် မွှေပေးထားပါ။ သကြားပျော်ပြီဆိုရင်တော့ ဆူပွက်လာအောင် အပူပေးပါ။ ဆူလာလျှင် မီးလျှော့ပြီး မိနစ်အနည်းငယ်ခန့် ထပ်မွှေပေးထားပါ။

 

ဆွမ်းမွှေးအလွှာကို ကိုင်ကြည့်လိုက်ပါ။ အပေါ်ယံလေးတင်းလာပြီဆိုရင်တော့ အုန်းနို့အလွှာကို လောင်းထည့်လိုက်ပါ။ နောက်ထပ်တစ်လွှာလောင်းမယ်ဆိုရင်တော့ တိုက်ရိုက်မလောင်းဘဲ ဗန်းထောင့်ကနေ ဇွန်းခံပြီး အသာလောင်းချပါ။ တိုက်ရိုက်လောင်းချရင် အပူရှိန်နဲ့ အောက်အလွှာကို ပေါက်ပြီး ရောတတ်တဲ့အတွက်ဖြစ်ပါတယ်။

 

နာရီဝက်ကျော်အအေးခံပြီး ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ ချိုအေးမွှေးတဲ့ ဆွမ်းမွှေးအုန်းနို့ကျောက်ကျောလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)