Myanmar
မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ
မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
5 5 2023
မန္တလေးဈေးကွက်တွင်
စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီဈေးနှုန်းမှာ မြစ်သားကြက်သွန်များ ရာသီကုန်ဖြစ်၍ ပစ္စည်းရှားသွားပြီး မုံရွာကြက်သွန်များသာ ရောင်းဝယ်မှု များသည်။ မုံရွာ ကြက်သွန်ကြီး တစ်ပိဿာ ၁၅၀၀ ကျပ် ၊ အဝင်နည်းသုံးစွဲမှုများသော လတ် တစ်ပိဿာ ၁၆၀၀ ကျပ် ၊ သေးတစ်ပိဿာ ၁၅၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှုများသည်။
ကြက်သွန်ဖြူ(တရုတ်)မှာ လမ်းပန်းဆက်သွယ်ရေးကြောင့် အဝင်နည်းသဖြင့် ယခင်အပတ် တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၅၃၀၀ ကျပ် ၊ ရှမ်းကြက်သွန်ဖြူမှာ အရည်အသွေးပေါ်မူ တည်၍ အညံ့ဆုံး ၃၃၀၀ ကျပ်မှ အကောင်းဆုံး ၄၅၀၀ ကျပ်ဈေးရှိပြီး မြေပြန့်မှာ အသစ်မဝင် သေးခြင်းကြောင့် ဈေးကွက်အတွင်း ပစ္စည်းရှားနေသည်။
ဘန့်ဘွေးမှ အာလူးများဝင်ရောက်ပြီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဖြင့် မြို့တွင်း သုံးဝယ်ယူမှုပုံမှန်ဖြင့် ဈေးတည်ငြိမ်နေသည်။
ချင်းဈေးနှုန်းအနေဖြင့် ပင်ရင်းဒေသမှ ဘဂႅလားသို့ တင်ပို့ရန် ဝယ်ယူမှုရှိခြင်း ကြောင့် ပင်ရင်းဈေးမြင့်ခြင်း ၊ အသစ်မဝင်သေးခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ ကျပ် မှ ၃၂၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ



