Myanmar



မန္တလေး ကြက်သွန်၊ အာလူး ဈေးနှုန်းအခြေအနေ

မန္တလေး ကြက်သွန်၊ အာလူး ဈေးနှုန်းအခြေအနေ

TO GET INSTANT UPDATE 

Join Telegram Channel

https://t.me/Guid4U

 

မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သားကြက်သွန်များပေါ်ချိန်ဖြစ်၍ လှိုင်လှိုင်ဝင်ရောက်ခြင်း ကြောင့် ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၁,၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်သော်လည်း ကြက်သွန်နီ (လတ်) တစ် ပိဿာ  ၁,၄၀၀ ကျပ်မှ ၁,၂၀၀ကျပ်၊ သေးတစ်ပိဿာ ၁,၂၀၀ကျပ်မှ ၁,၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွား သည်။ 

 

ကြက်သွန်ဖြူ (ရှမ်း) အသစ်မဝင်သေးခြင်းကြောင့် ပစ္စည်းပြတ်နေပြီး ကြက်သွန်ဖြူ (မြန်မာ) များရွှေဘိုရွှေပန်းကုံး ဘက်မှ ဝင်ရောက်ပြီး ကြီးတစ်ပိဿာ ၅,၀၀၀ ကျပ်မှ ၄,၆၀၀ကျပ်၊ လတ်တစ်ပိဿာ ၄,၀၀၀ကျပ်၊ သေးတစ် ပိဿာ ၃,၅၀၀ ကျပ်ဈေးအသီးသီးဖြင့် မြို့တွင်းသုံးနှင့် အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။ 

 

Htun Tauk H.T Plastic Printing Co

Click Here >>> HTUN TAUK (H.T)

 

အောင်ပန်းမှ အာလူး အိုကေ၊ အေဝမ်းဆွဲများ အဝင်မရှိဘဲ ပခုက္ကူအာလူး တစ်ပိဿာ ၂,၀၀၀ကျပ်၊ ရေဦးအာလူး တစ်ပိဿာ ၁,၈၀၀ကျပ်၊ ဘန့်သွေးအာလူး တစ်ပိဿာ ၁,၈၀၀ကျပ်၊ ဗန်မော်အာလူး တစ်ပိဿာ ၁,၇၀၀ကျပ် စသည်ဖြင့် ဒေသစုံမှ ဝင်ရောက်နေ သည်။

 

ကြက်သွန်ဖြူ (တရုတ်) မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၃,၇၀၀ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။ ချင်းဈေးနှုန်းအနေဖြင့် ပြည်ပပို့ရန် ပင်ရင်းဒေသမှ အဆွဲရှိခြင်း တောင်သူထံတွင် လက်ကျန်နည်းခြင်း ကြောင့် ပင်ရင်းဈေးမြင့်ခြင်းကြောင့် တစ်ပိဿာ ၁,၆၀၀ကျပ်မှ ၁,၇၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

Source: MOALI

Myanmar Food Industry Guide

Read times Last modified on Friday, 24 February 2023 10:17
Rate this item
(0 votes)