Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

12 5 2023

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံတို့အနက်

မတ်ပဲဈေးနှုန်းမှာ အဝင်နည်း ၊ ပစ္စည်းကောင်းရှားသွားသော်လည်း ရန်ကုန်ဝယ်လက်နည်းခြင်း ၊ ပဲခွဲစက်များ အဝယ်သာရှိခြင်းကြောင့် ၆၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၁၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။



ပဲတီစိမ်းဈေးနှုန်းများအနေဖြင့် ပဲတီစိမ်း(အညာ) အသစ်ဝင်ရောက်မှု အနည်းငယ်ရှိ ခြင်း ၊ တရုတ်ဝယ်လက်နည်းခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၂၀၀၀၀၀ ကျပ် မှ ၁၉၈၀၀၀ ကျပ်သို့ ဈေးမသိသာနိမ့်သွားသည်။

 

ပဲတီစိမ်း(ခရမ်း)မှာ အဝင်နည်း ၊ ပစ္စည်းရှားခြင်းကြောင့် ၅၆.၂၅ ပိဿာလျှင် ၂၂၆၀၀၀ ကျပ် ၊

ပဲတီစိမ်း(လမ်း)မှာလည်း အရောင်းအဝယ်အေးခြင်းကြောင့် ၅၆.၂၅ ပိဿာ ၂၂၀၀၀၀ ကျပ် မှ ၂၁၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။



ပဲစဉ်းငုံ(ဖြူ)မှာ အရောင်းအဝယ်အေးသော်လည်း ပစ္စည်းရှားခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၆၀ ပိဿာ ၂၃၃၀၀၀ ကျပ် မှ ၂၂၂၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

 

ပဲစဉ်းငုံ(နီ)မှာ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ ပစ္စည်းရှားခြင်းကြောင့် ၆၀ ပိဿာ ၂၃၃၀၀၀ ကျပ် မှ ၂၃၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာလည်း ဆောင်းပဲပုတ်အဝင်နည်းခြင်း ၊ မိုးပဲစိုက်ချိန်နီးခြင်း ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲပုတ်(မြန်မာ) ၅၃.၂၅ ပိဿာ ၂၁၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲပုတ်(ရှမ်း)မှာ ပစ္စည်းကောင်းရှားသော်လည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၃.၂၅ ပိဿာ မိုးညှင်းပဲ ၁၄၃၀၀၀ ကျပ် ၊ မိုးမိတ်ပဲ ၁၄၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(လုံးဖြူကြီး) မှာ အထွက်နည်း ၊ အဝင်နည်းခြင်း ၊ လုပ်ငန်းရှင်များ အဝယ်ရှိခြင်းကြောင့် ၅၇.၂၅ ပိဿာ ယခင်အပတ် ၂၁၅၀၀၀ ကျပ် မှ ယခုအပတ် ၂၂၁၀၀၀ ကျပ်သို့လည်းကောင်း ၊ကုလားပဲ(လုံးဝါကြီး)မှာ မြို့တွင်းစားသုံးမှုနှင့်ပဲကြော်/လှော်လုပ်ငန်းရှင်များ အဝယ်ရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ ယခင်အပတ် ၂၀၅၀၀၀ ကျပ် မှ ယခုအပတ် ၂၀၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ခွဲခြမ်းမှာ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၅၀၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲယင်းနှင့် မြေတောက်ပဲတို့မှာ ပဲခွဲစက် နှင့် လက်လီသမား အဝယ်အနည်းငယ်သာရှိပြီး အရောင်းအဝယ်အေးခြင်းကြောင့် ပဲယင်း ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ် ၊ မြေတောက်ပဲ ၅၄ ပိဿာ ၂၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

စားတော်ပဲ(ကျွန်း)မှာ အထွက်နည်း အဝင်နည်းခြင်း ၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၅၉.၂၅ ပိဿာ ၃၄၀၀၀၀ ကျပ် မှ ၃၄၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ ဆောင်းပဲလက်ကျန်နည်းခြင်း ၊ မိုးပဲစိုက်ရန် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ အဝင်နည်း ၊ ပစ္စည်းရှားခြင်း တို့ကြောင့် ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၆၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲကြီး(သေး) မှာ လုပ်ငန်းသမား ၊ လက်လီသမား အဝယ်ရှိခြင်းကြောင့် ၅၅.၂၅ ပိဿာ ၂၃၅၀၀၀ ကျပ် မှ ၂၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ထောပတ်ပဲ(ကြီး)မှာလည်း လက်ကျန်နည်း ၊ ပစ္စည်းရှားခြင်း ၊ လုပ်ငန်းသမား ၊ ပဲကြော်/လှော်သမား အဝယ်နည်းခြင်းတို့ကြောင့် ထောပတ်ပဲ(သေး) ၅၆.၂၅ ပိဿာ ၂၂၅၀၀၀ ကျပ် မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 12 May 2023 08:01
Rate this item
(0 votes)