Myanmar



မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်  စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 19 5 2023

 

စားသုံးဆီဈေးနှုန်းများအနေဖြင့် 

မြေပဲ(ဆီဆံ) ဈေးမသိမသာမြင့်သဖြင့် ပဲဆီ တစ်ပိဿာ  ၁၂၅၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်  သို့ မသိမသာမြင့်သွားသည်။

 

နှမ်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ် ၊ 

နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် ၊ 

ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊ 

စားအုန်းဆီ တစ်ပိဿာ ၆၃၀၀ ကျပ် ဈေးများဖြင့် 

ဈေးတည်ငြိမ်နေသည်။

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် 

မြေပဲ(လုံးဆံ/ဆီဆံ) ဈေးနှုန်း မှာ လုပ်ငန်းသမား အဝယ်ပုံမှန် ၊ အဝင်ပုံမှန်ရှိခြင်းကြောင့် လုံးဆံ (၁၀၀) ပိဿာ လျှင် ၆၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။

 

 ဆီဆံမှာ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်း၊ ဆောင်းမြေပဲ အဝင်နည်းသွားခြင်း ၊ မိုးမြေပဲစိုက်ချိန်ဖြစ်ခြင်းကြောင့် ယခင်အပတ် ၁၀၀ ပိဿာ ၆၂၇၅၀၀ ကျပ်  မှ ယခုအပတ် ၆၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် နွေနှမ်းမဝင်သေးခြင်း ၊ မိုးနှမ်းစိုက်ချိန်နီးခြင်း ၊ လုပ်ငန်း သမားနှင့် တရုတ်ဝယ်လက်အနည်းငယ်ရှိခြင်းတို့ကြောင့်  နှမ်းဖြူ(၄၅) ပိဿာ ၃၁၅၀၀၀ ကျပ် မှ ၃၂၀၀၀၀ ကျပ်သို့ ဈေးအနည်းငယ် မြင့်တက်သည်။ 

 

နှမ်းညိုမှာလည်း ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်း ၊ ဆောင်းလက် ကျန်နည်းပြီး နွေနှမ်းသစ် အဝင်နည်းသေးခြင်းတို့ကြောင့် ၄၅ ပိဿာ ၂၆၈၀၀၀ ကျပ် မှ ၂၇၀၀၀၀ ကျပ် သို့ ဈေးမသိမသာမြင့်သွားသည်။ 

စမုံနှမ်းနက်မှာ အရည်အသွေးပေါ်မူတည်၍ ၄၅ ပိဿာ ၂၇၀၀၀၀ ကျပ် မှ ၃၄၀၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်မှုရှိသည်။

 

 ပန်းနှမ်းဈေးနှုန်းအနေဖြင့် ပန်းနှမ်းသစ်များ ဝင်ရောက်မှုရှိခြင်း ၊ အဝင်နည်းခြင်း ၊ အရည်

အသွေးကောင်းခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ ၁၉၀၀၀၀ ကျပ် မှ အရည်အသွေးပေါ်မူတည်၍ ၂၀၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

     

နေကြာမှာ ဆောင်းနေကြာ လက်ကျန်နည်းခြင်း ၊ မိုးနေကြာ စိုက်ရန် ပြင်ဆင်စဖြစ်ခြင်း ၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းတို့ကြောင့် ၂၇ ပိဿာ ၁၀၃၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 19 May 2023 11:45
Rate this item
(0 votes)