Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် မန်ကျည်းရွက်သုပ်လေးလုပ်စားရအောင်

ရာသီဥတုပူလွန်းလို့ ထမင်းစားပျက်နေသူတွေအတွက် ထမင်းမြိန်စေမယ့် ချဉ်ချဉ် စပ်စပ် မန်ကျည်းရွက်သုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ မန်ကျည်းရွက်၊ ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအနီ၊ မြေပဲ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မန်ကျည်းရွက်ကို အရိုးထွင်ပြီး ရေစင်အောင် ဆေး၍ ရေစစ်ထားပါ။

 

ပြီးလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို အခွံနွှာပြီး ပါးပါးလှီးထားပါ။

 

Read More >>>>>  နွားနို့အပူ နဲ့ အအေး ဘယ်တစ်ခုက ပိုကောင်းမလဲ

 

ပြီးနောက် ပုစွန်ခြောက်ကို ညက်နေအောင်ထောင်းထည့်ပြီး ငရုတ်သီးကို ရေဆေးပြီးပါးပါးလှီးထားပါ။

 

ပြီးလျှင် ပန်းကန်ထဲသို့  မန်ကျည်းရွက်၊ ပုစွန်ခြောက်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊  မြေပဲ၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ တို့ထည့်ပြီး သမအောင် ခပ်ဖွဖွလေး ရောနယ်ပေးပါ။

 

ပြီးရင်တော့ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရာရှိစေမယ့် မန်ကျည်းရွက်သုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Monday, 06 May 2019 15:17
Rate this item
(1 Vote)