Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 25 5 2023

မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့် 

မတ်ပဲဈေးနှုန်းမှာ လက်ကျန်နည်း ၊လှောင်သမားထံမှ ဝယ်ရခြင်း ၊ ရေသွင်းပဲများ အဝင်မရှိခြင်း ၊ ခွဲစက်များနှင့် ရန်ကုန်ဝယ်လက်ရှိခြင်းတို့ကြောင့် ၆၀ ပိဿာ ယခင်အပတ် ၂၁၈၀၀၀ ကျပ် မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်လာသည်။

ပဲတီစိမ်းဈေးနှုန်းမှာ ပဲတီစိမ်း(ခရမ်း/လမ်း)တို့မှာ စတင်စိုက်ပျိုးရန် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ လက်ကျန်နည်း အရောင်းအဝယ်ဖြစ်မှုမရှိခြင်းကြောင့် ဈေးနှုန်းတင်ပြနိုင်ခြင်းမရှိဘဲ ပဲတီစိမ်း(အညာ) များမှာ မိုးပဲစိုက်ပျိုးစဖြစ်ခြင်း ၊ ဆောင်းလက်ကျန်နည်းခြင်း ၊ ဒေသအလိုက် အရည်အသွေးကွာခြား မှုရှိခြင်းတို့ကြောင့် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၂၀၅၀၀၀ ကျပ် မှ ယခုအပတ် ၁၉၃၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

    

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ လက်ကျန်နည်းခြင်း ၊ အရည်အသွေးကောင်းရှားခြင်း ၊ စတင်စိုက် ပျိုးရန် ပြင်ဆင်စကာလဖြစ်၍ လှောင်သမားထံမှ ဝယ်ရခြင်းတို့ကြောင့် 

ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ တစ်အိတ်လျှင် ယခင်အပတ် ၂၃၅၀၀၀ ကျပ် မှ ယခုအပတ် ၂၄၀၀၀၀  ကျပ် ၊ 

ပဲစဉ်းငုံ(နီ) ယခင်အပတ် ၂၇၅၀၀၀ ကျပ် မှ ၂၅၄၀၀၀ ကျပ်သို့ 

ဈေးမသိမသာမြင့်သွားသည်။

  

  ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ ဆောင်းပဲလက်ကျန်နည်းခြင်း ၊ မိုးပဲစိုက်ပျိုးရန် ပြင်ဆင်ခြင်း တို့ကြောင့် 

ပဲပုတ် (မြန်မာ)မှာ လုပ်ငန်းသုံးဝယ်ယူမှုပုံမှန်ရှိခြင်းတို့ကြောင့် ၅၃.၂၅ ပိဿာလျှင် ၂၁၀၀၀၀ ကျပ် ၊

 ပဲပုတ်(ရှမ်း) မှာ ဆီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် 

မိုးညှင်းပဲပုတ် ၅၃.၂၅ ပိဿာ ၁၄၅၀၀၀ ကျပ် မှ ၁၄၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး 

မိုးမိတ် ပဲပုတ်မှာ ၁၄၂၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

    

ကုလားပဲအုပ်စုအနေဖြင့် စိုက်ဧကနည်း ၊ အဝင်နည်းသဖြင့် ပစ္စည်းကောင်းရှားခြင်း ၊  လုပ်ငန်းသမားနှင့် ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းတို့ကြောင့် 

ကုလားပဲ(လုံးဖြူကြီး) ၅၇.၂၅ ပိဿာ ၂၂၀၀၀၀ ကျပ် မှ ၂၂၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

ကုလားပဲ(ခွဲခြမ်း)မှာလည်း လုံးဝါကြီး ဈေးမြင့်သဖြင့် တစ်ပိဿာ ၅၂၅၀ ကျပ် မှ ၅၅၅၀ ကျပ်သို့ ဈေးမြင့်သွားသည်။

    

ပဲယင်း ၊ ပဲလွန်းဖြူ/ပြာ တို့မှာ အဝင်ပုံမှန် ၊ လက်လီသမား ဝယ်ယူမှုပုံမှန် ဖြစ်ခြင်းကြောင့် 

ပဲယင်း ၆၀ ပိဿာ ၁၅၂၀၀၀ ကျပ် ၊ 

ပဲလွန်းဖြူ ၆၀ ပိဿာ ၁၅၀၀၀၀ကျပ် ၊ 

ပဲလွန်းပြာ ၅၄ ပိဿာ ၁၃၅၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

    

မြေတောက်ပဲနှင့်စားတော်ပဲတို့မှာ စိုက်ဧကနည်း ၊ အထွက်နည်း ၊ အဝင်နည်းခြင်း ကြောင့် ပစ္စည်းကောင်းရှားသဖြင့် 

မြေတောက်ပဲ ၅၄ ပိဿာ အရည်အသွေးအကောင်းဆုံး ၂၈၅၀၀၀ ကျပ် မှ  ၃၀၀၀၀၀ ကျပ်သို့လည်းကောင်း ၊ 

စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာ ၃၇၀၀၀၀ ကျပ် မှ ၃၉၀၀၀၀ ကျပ်သို့ အသီးသီးဈေးမြင့်သွားသည်။

 ပဲကြီး(ကြီး/သေး)တို့မှာ ပစ္စည်းရှားသော်လည်း အရောင်းအဝယ်အေးခြင်းကြောင့် 

ပဲကြီး (ကြီး) ၅၅.၂၅ ပိဿာ ၂၇၃၀၀၀ ကျပ် ၊ 

ပဲကြီး(သေး) ၂၅၅၀၀၀ ကျပ်ဖြင့် 

ဈေးတည်ငြိမ်နေသည်။

    

ထောပတ်ပဲ(ကြီး/သေး) တို့မှာ လက်လီသမား ၊ လုပ်ငန်းသမား အဝယ်ရှိခြင်း ၊ ပစ္စည်း ရှားခြင်းကြောင့် ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၂၆၀၀၀၀ ကျပ် မှ ၂၇၀၀၀၀ ကျပ်သို့ အသီးသီး ဈေးမြင့်သွားသည်။

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 26 May 2023 18:43
Rate this item
(0 votes)