Myanmar



မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 25 5 2023

 မန္တလေး ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သားကြက်သွန် မဝင်သောကြောင့် မုံရွာကြက်သွန် တစ်မျိုးတည်းသာရှိသော်လည်း နယ်ဝေးတင်ပို့ရမှု နည်းခြင်း ၊ အဝင်များခြင်းကြောင့် 

(ကြီး) တစ်ပိဿာ ၂၁၀၀ ကျပ် ၊ 

(လတ်) တစ်ပိဿာ ၂၁၀၀ ကျပ် ၊ 

(သေး) တစ်ပိဿာ ၁၈၀၀ ကျပ်ဖြင့်

ဈေးတည်ငြိမ်နေသည်။

 

ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်ရှိသော်လည်း ပင်ရင်းဈေးမြင့်ခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၆၈၀၀ ကျပ် မှ ယခုအပတ် ၇၂၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

   

 ကြက်သွန်ဖြူ(မြေပြန့်)မဝင်တော့ဘဲ ရှမ်းကြက်သွန်ဖြူများသာ ဝင်ရောက်ပြီး အရည် အသွေး  ပေါ်မူတည်၍ တစ်ပိဿာ အကောင်းဆုံး ၆၀၀၀ ကျပ် မှ အနည်းဆုံး ၄၅၀၀ ကျပ်ထိ ဈေးအမျိုး မျိုးဖြင့် ရောင်းဝယ်မှုရှိသည်။

   

 အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူး တစ်မျိုးထဲသာ ဝင်ရောက်ပြီး အိုကေ ၊ အေဝမ်း ၊ ဆွဲ အတန်းအစားမခွဲဘဲ တစ်ပိဿာ ၂၂၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

    

ချင်းဈေးနှုန်းအနေဖြင့် ဘဂႅလားဒေ့ရှ်သို့ တင်ပို့မှုရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်ပြီး မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၄၈၀၀ ကျပ် မှ ၅၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

 

 

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 26 May 2023 18:39
Rate this item
(0 votes)