Myanmar
အာလူးငါးကတ်တလိပ်
အနောက်တိုင်းသားများအနေနဲ့က အရှေ့တိုင်းသားများနည်းတူ ငါးကို ကြိုက်နှစ်သက်ကြပါတယ်။
ငါးတွင် အာဟာရဓာတ်ပေါင်းများစွာပါဝင်သည့်အတွက်ကြောင့် အမျိုးမျိုး စီမံချက်ပြုတ်စားသောက်ကြတာများ ပါတယ်။
ယင်းတို့အနက်မှ ငါးကတ်တလိပ်ကတော့ အရိုးမပါ ညှီနံ့မရဘဲ အရသာရှိစွာ သုံးဆောင်နိုင်သည့်အတွက်ကြောင့် မလုပ်တတ်သည့်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။
ငါးကတ်တလိပ်လုပ်ရန် လိုအပ်သည့်အမယ်များကတော့ အသားများသော ငါး၊ အာလူး၊ ဟင်းချက်ထောပတ်၊ ကြက်သွန်အနီ၊ ကြက်သွန်အဖြူ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ မဆလာအနည်းငယ်၊ ဂျုံမှုန့်၊ ဆား အနည်းငယ်နှင့် ဆီတို့ လိုအပ်ပါတယ်။
အသားများသော ငါးတစ်မျိုးကို ရေထည့်၍ ပြုတ်ပါ။ ငါးနူးသည်နှင့် ရေလည်း ခန်းနေရပါမယ်။
ငါးနူးလျှင် ပန်းကန်ထဲထည့်ပြီး အရိုးများကို ထွင်ရပါမယ်။ ခေါင်းနှင့်အမြီးကို မယူပါနှင့်။ ငါးအသားများကို ညက်အောင်ထောင်းထားပါ။
အာလူးကိုပြုတ်ပြီး ကျက်လျှင်အခွံနွှာရပါမယ်။ ပြီးနောက် ဂျုံမှုန့်နှင့်ရော၍ ဆားအနည်းငယ်ထည့်ပြီး ထောင်းပါ။ တဖြေးဖြေးနှင့် ခပ်ထပ်ထပ် ခပ်စေးစေးဖြစ်လာလျှင် ခဏထားလိုက်ပါ။
ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီကျက်လျှင် ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ဆီသတ်ပါ။ ထို့နောက် ငါးထောင်းထားတာ ထည့်ပြီး မွှေပေးပါ။
ပြီးလျှင် မဆလာအနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်အနီပါးပါးလှီးဖြတ်ပြီးသားကို ထည့်၍ သမအောင် မွှေပေးပါ။ ဆီလည်းခြောက် အစာလုံး လုံးပြီးသားဖြစ်သွားပါလိမ့်မယ်။
ယင်းနောက် ငါးထောင်းနှင့် အမွှေးအကြိုင်များကို အစာအဖြစ် အာလူးထောင်းထဲသို့ထည့် ဌာပနာပြီး အလုံးဖြစ်စေ၊ အပြားဝိုင်းဝိုင်းဖြစ်စေ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။
ပြီးလျှင် ဒယ်အိုးထဲတွင် ဟင်းချက်ထောပတ်ကိုထည့်ပြီးနောက် လုံးထားသော အာလူးကတ်တလိပ်များကို ထည့်ကြော်ပါ။ အနီရောင်သန်းလာလျှင် ဆယ်လို့ရနေပါပြီ။ ဆီစစ်ပြီး အအေးခံပြီးလျှင် ငါးကတ်တလိပ်ကို သုံးဆောင်လို့ရပါပြီ။