Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထားဝယ်မုန့်ဟင်းခါး

မုန့်ဟင်းခါးဆိုသည်မှာ မြန်မာနိုင်ငံ တနံတလျားတွင် နယ်တိုင်းနယ်တိုင်း ချက်ပြုတ်စားသောက်ကြသော စားစရာတမျိုးဖြစ်ပါတယ်။

ချက်ပြုတ်ပုံမှာလည်း မတိမ်းမယိမ်းရှိပါတယ်။ သို့ပေမဲ့ ထားဝယ်မုန့်ဟင်းခါးမှာ အများနှင့်မတူဘဲ တမူးထူခြားလျက်ရှိပါတယ်။

 

ထားဝယ်ရိုးရာ စားစရာများကို ကျွမ်းကျွမ်းကျင်ကျင် ချက်တတ်ဖို့ဆိုသည်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။

 

ထားဝယ်မုန့်ဟင်းခါးသည် ဟင်းနှစ်မျိုးနှင့် ရောစပ်ပြီး စားသောက်ရပါတယ်။ ဟင်းရည်နှစ်မျိုးမှာကား မုန့်ဟင်းခါးရည်တစ်မျိုး၊ မုန့်လက်သုပ်ရည်တစ်မျိုးဖြစ်ပါတယ်။

 

မုန့်လက်သုပ်ရည်ကတော့ ချဉ်ပြုံးပြုံးဖြင့် သောက်လို့ကောင်းလှပါတယ်။ ချက်သည့်အခါတွင် အိုးနှစ်အိုးနှင့် သီခြားချက်ရပါတယ်။ မုန့်ဟင်းခါး ချက်နည်းကို  အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ထားဝယ်မုန့်ဟင်းခါးဟင်းရည်ချက်နည်းကတော့ ငှက်ပျောအူ နုနုကလေးများကို နူးအောင် ပြုတ်ထားရပါမယ်။ ပြုတ်ပြီးသည့်အခါ အရည်ကိုစစ်ထားပြီး မုန့်ဟင်းခါးရည် ချက်မည့်အိုးထဲတွင် ဆီထည့်လိုက်ပါ။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ဆီပူလာတဲ့အခါ နနွင်းထည့်ရပါမယ်။ အရန်သင့်ထောင်းထားသည့် ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင် များကို ဆီသတ်ပေးရပါမယ်။ ဆီသတ်ပြီးလျှင် ငါးပုပ်ခြောက် ကို ထည့်ရပါမယ်။ ပြီးရင် သမအောင် ရောမွေပေးရပါမယ်။

 

ပွက်ပွက်ဆူလာသည့်အခါ ငှက်ပျောဖတ်များကို ထည့်ရပါသည်။ ဆား၊ ဟင်းချိုမှုန့်တို့ကို လိုအပ်သည်ထက် လျှော့ချပြီးထည့်ပေးပါ။ အရသာများ ဖြည့်စွက်ပြီးရင်တော့ ကညင်ရွက် ကို ထည့်ရပါမယ်။

 

တချို့များတွင် ကညင်ရွက် အရင့်အားလည်း နူးအောင်ထည့်ချက်ကြပါတယ်။ ပြီးလျှင် နာနာလေး မွှေပေးပါ။ အရည်မှာ ပျစ်နှစ်လာပြီဆိုလျှင် မုန့်ဟင်းခါးရည်တစ်မျိုးကို ရရှိပါပြီ။

 

မုန့်လက်သုပ်ဟင်းရည်ချက်နည်းတွင် ချိုသည့်ပင်လယ်ငါးကို သုံးကြပါတယ်။ ငါးကွမ်းညှပ်၊ ငါးမု၊ ငါးရွှေ၊ ငါးမန်း အစရှိတဲ့ ပင်လယ်ငါးများကို သုံးပြုကြပါတယ်။

 

ချက်ပြုတ်မည့်ငါးကို အတုံးကြီးကြီးတုံးပြီး သန့်စင်အောင် ရေဆေးရပါမယ်။ ငါးတုံးများကို ဆားနယ်ပြီး အုန်းရည်နှင့် ထည့်ပြုတ်ရပါမယ်။ ကျက်ပြီဆိုလျှင် အအေးခံပြီး ငါးများကိုအရိုးနွာရပါမယ်။

 

ပြီးနောက် ကြက်သွန်ဖြူ၊ စပါးလင်၊ ချင်းများကို ဆီသတ်ပြီး ပြန်ချက်ရပါမယ်။ ကြက်သွန်နီဥများကို ကြီးလျှင် နှစ်ခြမ်းခွဲကာ သေးလျှင်အလုံးလိုက်ထည့်ပြီး ချက်ရပါမယ်။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ပြီး့နောက် ပအုန်းရည်အားထည့်ရပါမယ်။ ပွက်ပွက်ဆူလာပြီလျှင် မုန့်လက်သုပ် ဟင်းရည် တစ်မျိုးရရှိပါပြီ။

 

ဟင်းရည်နှစ်မျိုးတည်းဖြင့် မပြီးသေးပါ။ ပြီးရင်တော့ အကြော်၊ မကျည်းသီးချဉ်ရည်၊ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ဆီကျက်၊ ပဲမှုန့် စသည်တို့ဖြင့် ရောစပ်ပြီး ဟင်းရည်နှစ်မျိုးဖြင့် စားရင်တော့ တမူထူးခြားတဲ့ ထားဝယ်မုန့်ဟင်းခါးကို ရပါပြီ။

 

#Myanmar Food Industry Directory

 

ထားဝယ္မုန္႕ဟင္းခါး

 

မုန႔္ဟင္းခါးဆိုသည္မွာ ျမန္မာႏိုင္ငံ တနံတလ်ားတြင္ နယ္တိုင္းနယ္တိုင္း ခ်က္ျပဳတ္စားေသာက္ၾကေသာ စားစရာတမ်ိဳးျဖစ္ပါတယ္။

 

ခ်က္ျပဳတ္ပုံမွာလည္း မတိမ္းမယိမ္းရွိပါတယ္။ သို႔ေပမဲ့ ထားဝယ္မုန႔္ဟင္းခါးမွာ အမ်ားႏွင့္မတူဘဲ တမူးထူျခားလ်က္ရွိပါတယ္။

 

ထားဝယ္႐ိုးရာ စားစရာမ်ားကို ကြၽမ္းကြၽမ္းက်င္က်င္ ခ်က္တတ္ဖို႔ဆိုသည္မွာ လြယ္ကူသည့္ကိစၥမဟုတ္ပါ။

 

ထားဝယ္မုန႔္ဟင္းခါးသည္ ဟင္းႏွစ္မ်ိဳးႏွင့္ ေရာစပ္ၿပီး စားေသာက္ရပါတယ္။ ဟင္းရည္ႏွစ္မ်ိဳးမွာကား မုန႔္ဟင္းခါးရည္တစ္မ်ိဳး၊ မုန႔္လက္သုပ္ရည္တစ္မ်ိဳးျဖစ္ပါတယ္။

 

မုန႔္လက္သုပ္ရည္ကေတာ့ ခ်ဥ္ၿပဳံးၿပဳံးျဖင့္ ေသာက္လို႔ေကာင္းလွပါတယ္။ ခ်က္သည့္အခါတြင္ အိုးႏွစ္အိုးႏွင့္ သီျခားခ်က္ရပါတယ္။ မုန႔္ဟင္းခါး ခ်က္နည္းကို  ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ထားဝယ္မုန႔္ဟင္းခါးဟင္းရည္ခ်က္နည္းကေတာ့ ငွက္ေပ်ာအူ ႏုႏုကေလးမ်ားကို ႏူးေအာင္ ျပဳတ္ထားရပါမယ္။ ျပဳတ္ၿပီးသည့္အခါ အရည္ကိုစစ္ထားၿပီး မုန႔္ဟင္းခါးရည္ ခ်က္မည့္အိုးထဲတြင္ ဆီထည့္လိုက္ပါ။

 

ဆီပူလာတဲ့အခါ နႏြင္းထည့္ရပါမယ္။ အရန္သင့္ေထာင္းထားသည့္ ၾကက္သြန္ျဖဴ၊ ခ်င္း၊ စပါးလင္ မ်ားကို ဆီသတ္ေပးရပါမယ္။ ဆီသတ္ၿပီးလွ်င္ ငါးပုပ္ေျခာက္ ကို ထည့္ရပါမယ္။ ၿပီးရင္ သမေအာင္ ေရာေမြေပးရပါမယ္။

 

ပြက္ပြက္ဆူလာသည့္အခါ ငွက္ေပ်ာဖတ္မ်ားကို ထည့္ရပါသည္။ ဆား၊ ဟင္းခ်ိဳမႈန႔္တို႔ကို လိုအပ္သည္ထက္ ေလွ်ာ့ခ်ၿပီးထည့္ေပးပါ။ အရသာမ်ား ျဖည့္စြက္ၿပီးရင္ေတာ့ ကညင္႐ြက္ ကို ထည့္ရပါမယ္။

 

တခ်ိဳ႕မ်ားတြင္ ကညင္႐ြက္ အရင့္အားလည္း ႏူးေအာင္ထည့္ခ်က္ၾကပါတယ္။ ၿပီးလွ်င္ နာနာေလး ေမႊေပးပါ။ အရည္မွာ ပ်စ္ႏွစ္လာၿပီဆိုလွ်င္ မုန႔္ဟင္းခါးရည္တစ္မ်ိဳးကို ရရွိပါၿပီ။

 

မုန္႕လက္သုပ္ဟင္းရည္ခ်က္နည္းတြင္ ခ်ိဳသည့္ပင္လယ္ငါးကို သုံးၾကပါတယ္။ ငါးကြမ္းညႇပ္၊ ငါးမု၊ ငါးေ႐ႊ၊ ငါးမန္း အစရွိတဲ့ ပင္လယ္ငါးမ်ားကို သုံးျပဳၾကပါတယ္။

 

ခ်က္ျပဳတ္မည့္ငါးကို အတုံးႀကီးႀကီးတုံးၿပီး သန႔္စင္ေအာင္ ေရေဆးရပါမယ္။ ငါးတုံးမ်ားကို ဆားနယ္ၿပီး အုန္းရည္ႏွင့္ ထည့္ျပဳတ္ရပါမယ္။ က်က္ၿပီဆိုလွ်င္ အေအးခံၿပီး ငါးမ်ားကိုအ႐ိုးႏြာရပါမယ္။

 

ၿပီးေနာက္ ၾကက္သြန္ျဖဴ၊ စပါးလင္၊ ခ်င္းမ်ားကို ဆီသတ္ၿပီး ျပန္ခ်က္ရပါမယ္။ ၾကက္သြန္နီဥမ်ားကို ႀကီးလွ်င္ ႏွစ္ျခမ္းခြဲကာ ေသးလွ်င္အလုံးလိုက္ထည့္ၿပီး ခ်က္ရပါမယ္။

 

Read More >>>>>  ထမင္းစားၿမိန္ေစမယ့္ ခရမ္းကြ်တ္သီးေထာင္း

 

ၿပီး႔ေနာက္ ပအုန္းရည္အားထည့္ရပါမယ္။ ပြက္ပြက္ဆူလာၿပီလွ်င္ မုန႔္လက္သုပ္ ဟင္းရည္ တစ္မ်ိဳးရရွိပါၿပီ။

 

ဟင္းရည္ႏွစ္မ်ိဳးတည္းျဖင့္ မၿပီးေသးပါ။ ၿပီးရင္ေတာ့ အေၾကာ္၊ မက်ည္းသီးခ်ဥ္ရည္၊ ငံျပာရည္၊ င႐ုတ္သီးမႈန႔္၊ ဆီက်က္၊ ပဲမႈန႔္ စသည္တို႔ျဖင့္ ေရာစပ္ၿပီး ဟင္းရည္ႏွစ္မ်ိဳးျဖင့္ စားရင္ေတာ့ တမူထူးျခားတဲ့ ထားဝယ္မုန္႕ဟင္းခါးကို ရပါၿပီ။

 

#Myanmar Food Industry Directory

 

Read times Last modified on Wednesday, 26 February 2020 10:02
Rate this item
(1 Vote)