Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

16 7 2023

 

 

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းများမှာ


မတ်ပဲ ဈေး နှုန်းအနေဖြင့် လက်ကျန်နည်း၊ ပစ္စည်းရှားခြင်းကြောင့် ယခင်အပတ် ၆၀ပိဿာ ၂၃၂၀၀၀ ကျပ်မှ ယခုအပတ် ၂၄၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။


ပဲတီစိမ်း (အညာ) မှာ ဆောင်းပဲအရည်အသွေး ညံ့သွားခြင်း၊ အရောင်းအဝယ်အေးခြင်း ပဲခွဲစက် များ အဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၅၆.၂၅ပိဿာ အရည်အသွေးအကောင်းဆုံး ၁၈၃၀၀၀ ကျပ် မှ ယခုအပတ် ၁၆၉၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။


ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ စတင်စိုက်ပျိုးစကာလဖြစ်သော်လည်း၊ လက်ကျန်အရည်အသွေး ညံ့ခြင်း၊ ရောင်းလိုအားများ၍ ဝယ်လိုအားနည်းခြင်းကြောင့်
ပဲစဉ်းငုံ (ဖြူ) ၆၀ပိဿာ ၃၁၀၀၀၀ ကျပ် မှ ၂၉၀၀၀၀ ကျပ်သို့လည်းကောင်း၊
ပဲစဉ်းငုံ (နီ) ၆၀ပိဿာ ၃၂၀၀၀၀ ကျပ်မှ ၃၁၅၀၀၀ ကျပ်သို့ လည်းကောင်း
အသီးသီးဈေးမသိမသာ နိမ့်သွားသည်။


ပဲပုတ် (ရှမ်း/မြန်မာ) တို့မှာ မိုးပဲ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း ဆောင်းလက်ကျန်များခြင်း လုပ်ငန်းသမား ဆီစက်သမား အဝယ်နည်းခြင်းကြောင့်

ပဲပုတ်(ရှမ်း) မိုးမိတ်မှာ ၅၃.၂၅ပိဿာ ၁၄၈၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲပုတ်(ရှမ်း)မိုးညှင်းမှာ အဝင်နည်းသွားခြင်းကြောင့် ၁၄၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲပုတ် (မြန်မာ) မှာ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၅၃.၂၅ပိဿာ ယခင်အပတ် ၂၁၀၀၀၀ ကျပ်မှ ၂၀၈၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။


ကုလားပဲ အုပ်စုအနေဖြင့် (ကုဖြူကြီး) မှာ အဝင်နည်းခဲ့သဖြင့် အရည်အသွေးကောင်းရှား ခြင်း၊ လုပ်ငန်းသမား ပုံမှန်အဝယ်ရှိခြင်းကြောင့် ၅၇.၂၅ ပိဿာ ၂၆၅၀၀၀ ကျပ်မှ ၂၇၀၀၀၀ ကျပ်သို့ လည်းကောင်း၊ လုံးဝါကြီးမှာ ခွဲစက်သမား ပုံမှန်အဝယ်ရှိခြင်း၊ လက်ကျန်နည်း၍ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၅၆.၂၅ပိဿာ ၂၅၃၀၀၀ ကျပ်မှ ၂၆၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

လုံးဝါကြီး ဈေး အမြင့်ဖြင့် ကြိတ်ခွဲရသဖြင့် ခွဲခြမ်းမှာလည်း ယခင်အပတ် တစ်ပိဿာ ၆၀၀၀ ကျပ်မှ ၆၄၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။


ပဲယင်း၊ စားတော်ပဲ(ကျွန်း)၊ ထောပတ်ပဲ(ကြီး/သေး)တို့မှာ အဝင်ပုံမှန် မြို့တွင်းလက်လီသမား၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့်
ပဲယင်း ၆၀ပိဿာ ၁၆၀၀၀၀ကျပ်၊
စားတော်ပဲ (ကျွန်း) ၅၉.၂၅ပိဿာ ၄၁၀၀၀၀ကျပ်၊
ထောပတ်ပဲ(ကြီး) ၅၆.၂၅ပိဿာ ၂၇၀၀၀၀ကျပ်၊
ထောပတ်ပဲ (သေး) ၂၅၀၀၀၀ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။


မြေတောက်ပဲမှာ အဝင်နည်း၊ ပစ္စည်းကောင်းရှားခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၅၄ပိဿာ ၂၇၀၀၀၀ကျပ်မှ ၃၁၀၀၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် လုပ်ငန်းသမား ပုံမှန်ဝယ်ယူမှုရှိ သည်။


ပဲကြီး(ကြီး/သေး)တို့မှာ ဆောင်းလက်ကျန်နည်းသွားခြင်း၊ မြို့တွင်းလုပ်ငန်းသုံးအဝယ်ရှိခြင်း ကြောင့်
ပဲကြီး(ကြီး) ၅၅.၂၅ပိဿာ ၂၇၅၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ်၊
ပဲကြီး(သေး) ၂၅၅၀၀၀ကျပ်မှ ၂၆၀၀၀၀ကျပ်သို့
ဈေးမသိမသာမြင့်သွားသည်။


ပဲလွန်းဖြူ/ပြာတို့မှာ ဆောင်းပဲအရည်အသွေးညံ့သွားခြင်း၊ အရောင်းအဝယ်အေးခြင်း၊ မိုးပဲ စိုက်ပြီးချိန်ဖြစ်၍ လှောင်လက်ထုတ်ရောင်းမှုရှိခြင်းကြောင့်
ပဲလွန်းဖြူ ၆၀ပိဿာ ၁၄၁၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ပဲလွန်းပြာမှာ လက်ကျန်နည်းခြင်း၊ လက်လီပုံမှန်အဝယ်ရှိခြင်းကြောင့် ၅၄.၂၅ပိဿာ ၁၄၅၀၀၀ကျပ်မှ ၁၆၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 17 June 2023 06:48
Rate this item
(0 votes)