Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအကြိုက် ဝက်သား ကြက်ဥပေါင်း

ကလေးများအကြိုက်တွေ့စေမယ့် ဝက်သားကြက်ဥပေါင်းလေးကို အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဝက်သား၊ ကြက်ဥ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျုံမှုန့်၊ နှမ်းဆီ၊ ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပေါင်းတဲ့အိုးထဲမှာ ရေနွေးကျက်ကျက်ဆူအောင်တည်ထားပေးပါ။

 

ပြီးလျှင် ဝက်သားကို ရေဆေးသန့်စင်ပြီး ကြိတ်စက်ဖြင့် ကြိတ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ကိုလည်း တစ်မျိုးခြင်းစီိကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။

 

ပြီးနောက် ပန်းကန်လုံးထဲတွင် ကြက်ဥများကို ခလောက်ပြီးမွှေထားပေးပါ။

 

ပြီးလျှင် ကြိတ်ထားတဲ့ ဝက်သား၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ထည့်ပါ။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ ဂျုံမှုန့်၊ နှမ်းဆီတို့ထည့်၍ မွှေပေးထားပါ။

 

ပြီးနောက် အနေတော်ပန်းကန်လုံးတွေထဲထည့်လိုက်ပါ။

 

ပြီးရင်တော့ ပေါင်းအိုးအပေါ်ယံက ဇကာပေါ်တင်ပြီး ရေနွေးငွေ့ခံကာ မိနစ် နှစ်ဆယ်ခန့်ပေါင်းပေးထားပါ။

 

ပြီးနောက် ကျက်သွားရင်တော့ ဝက်သားကြက်ဥပေါင်းလေးကို ပန်းကန်ထဲသို့ထည့်၍ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 1877 times Last modified on Friday, 22 February 2019 10:33
Rate this item
(1 Vote)