Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့် အသီး ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

22 June 2023

သီရိမာလာဈေးမှာ ဟင်းသီးဟင်းရွက်ဈေးနှုန်း အနေဖြင့်

ခရမ်းချဉ် (အင်သီး) မှာ အဝင်နည်း ပစ္စည်းရှားခြင်းကြောင့် ၂၀ပိဿာ တသေတ္တာ ၂၅၀၀၀ ကျပ်
ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲသီး တစ်ပိဿာ ၁၅၀၀ မှ ၁၈၀၀ ကျပ်ဖြင့်
မြို့တွင်းသုံးနှင့် မြစ်ကြီးနား၊ လုံးခင်း သို့တင်ပို့မှုရှိသည်။

အောင်ပန်း၊ နောင်ချိုမှ ဂေါ်ဖီထုပ်၊ ပန်းမုံလာများအဝင်များသဖြင့်
ပန်းမုံလာတစ်ပွင့် ၁၀၀၀ ကျပ်
ဂေါ်ဖီထုပ်တစ်ထုပ် ၁၂၀၀ ကျပ်ဖြင့်
စားသောက်ဆိုင်များ ဝယ်ယူမှုများသည်။


နောင်ချိုမှ ခရမ်းသီးများအဝင်နည်း အရည်အသွေးကောင်းခြင်းကြောင့် တစ်ပိဿာ ၁၀၀၀ ကျပ် ဈေးရှိသည်။

ဘိုစားပဲသီးမှာ အဝင်နည်း၊ မြို့တွင်းသုံးဝယ်ယူမှုများသဖြင့် တစ်ပိဿာ ၃၅၀၀ ကျပ်ထိ ဈေးမြင့်နေသည်။

မန္တလေးဝန်းကျင်နှင့် ဒေသစုံမှ ထိုင်ဝမ်ပြောင်းများ အဝင်များခြင်း၊ ကျောင်းဈေးနှင့် လက်လီ သမားပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ ၁၀၀ဖူးလျှင် ၂၅၀၀၀ ကျပ်မှ ၂၇၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်မှုရှိသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 24 June 2023 09:18
Rate this item
(0 votes)