Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ထိန်းချုပ်ရေးအတွက် မန္တလေးမြို့ရှိစားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချမည်

ကိုဗစ်ထိန်းချုပ်ရေးအတွက် မန္တလေးမြို့ရှိစားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်ရောင်းချမည် Google

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးမြို့ရှိ စားသောက်ဆိုင်များ

 ပါဆယ်စနစ်ဖြင့် ရောင်းချရမှာ ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

 

မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်များ အပါအဝင် ဆိုင်ထိုင်စားစနစ်ဖြင့် ရောင်းချသည့် ဈေးဆိုင်များအား စက်တင်ဘာ ၁၃ ရက်မှစတင်ကာ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုမှာဖြစ်သည်။

 

“ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ၁၃ရက်နေ့ကစပြီး ဆိုင်ထိုင်စားစနစ်ပိတ်မယ်။ ပါဆယ်စနစ်ကို ပြောင်းမယ်။ ဟိုတယ်၊ တည်းခိုခန်းတွေလည်း ယာယီပိတ်မှာဖြစ်ပါတယ်” လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဆန်းမြင့်က ပြောကြားခဲ့သည်။



ပြီးခဲ့သည့် မတ်လတွင် ဟိုတယ်များ ယာယီပိတ်သိမ်းခဲ့ရပြီး မေလအတွင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှတ်ကြားချက်များအတိုင်း ဆောင်ရွက်ထားသည့် ဟိုတယ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ မန္တလေးတိုင်းအတွင်း ပြည်တွင်းကူးစက်မှုများ ဖြစ်ပွားလာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယာယီပြန်လည်ပိတ်ခြင်းဖြစ်သည်။

 

By Wyk (Myanmar Food Guide)

mdn.gov

Read times
Rate this item
(0 votes)