Myanmar



မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

၇ ၇ ၂၀၂၃


စားသုံးဆီဈေးနှုန်းအနေဖြင့်

ပဲဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်

နှမ်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ်၊
နေကြာဆီ ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်၊

ပဲပုတ်ဆီ ၅၈၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊

မုန်ညှင်း ဆီတစ်ပိဿာ ၁၀၀၀၀ ကျပ်၊

စားအုန်းဆီ တစ်ပိဿာ ၆၁၀၀ ကျပ်ဖြင့်

ဈေးတည်ငြိမ်နေသည်။


မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် (မြေပဲ၊ လုံးဆံ၊ ဆီဆံ)စျေးနှုန်းမှာ ဆောင်းပဲ အဝင်နည်းသွားပြီး မိုးပဲစိုက်ထားချိန်ဖြစ်ခြင်း၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့်

မြေပဲ (လုံးဆံ) ၁၀၀ ပိဿာလျှင် ၆၈၀၀၀၀ ကျပ် ဖြင့် စျေးကွက်ငြိမ်နေပြီး ‌‌‌

မြေပဲ(ဆီဆံ) မှာလည်း အရည်အသွေးပေါ်မူတည်၍ စျေးကွာြခားခြင်း၊ ဆီစက်သမား အဝယ်ရှိခြင်း ကြောင့် ဆီဆံ (၁၀၀) ပိဿာ ၆၃၀၀၀၀ ကျပ်မှ ၆၆၀၀၀၀ ကျပ်ထိ စျေးမြင့်သွားသည်။


နှမ်းမျိုးစုံစျေးနှုန်းအနေဖြင့် ‌နွေနှမ်း (သစ်)များအဝင်ရှိခြင်း အရည်အသွေးပေါ် မူတည်စျေး ကွာခြားခြင်း၊ လုပ်ငန်းသမား ပုံမှန်အဝယ်ရှိခြင်းကြောင့်

နှမ်းဖြူ ၄၅ ပိဿာ ၃၄၅၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ စျေးမြင့်သွားသည်။

နှမ်းညိုမှာ ဆီစက်သမား ပုံမှန်အဝယ်ရှိသော်လည်း နွေနှမ်း သစ်များ အဝင်ရှိခြင်းကြောင့် ၄၅ ပိဿာ ၂၉၀၀၀၀ ကျပ်ဖြင့် စျေးတည်ငြိမ်နေသည်။

နှမ်းနက်(စမုံ)မှာ အသစ်များ ဝင်ရောက်မှုရှိပြီး အရည်အသွေးပေါ် မူတည်၍ စျေးကွာခြားခြင်းကြောင့် အညံ့ဆုံး ၃၁၅၀၀၀ ကျပ်မှ အရည်အသွေးအကောင်းဆုံး ၃၄၀၀၀၀ ကျပ်ထိ စျေးအမျိုးမျိုးဖြင့် လုပ်ငန်းသမား နှင့် တရုတ်ဝယ်လက် ဝယ်ယူမှုရှိသည်။


ပန်းနှမ်းမှာ ဆီစက်သမား အဝယ်ပုံမှန်၊ အဝင်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၁၉၅၀၀၀ ကျပ် ဖြင့် စျေးတည်ငြိမ်နေပြီး

နေကြာမှာလည်း အဝင်ပုံမှန်၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 07 July 2023 17:23
Rate this item
(0 votes)