Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးခူအမွကြော်သုပ်လုပ်စားရအောင်

အိမ်ရှင်မအများစုက ငါးခူကို ချက်စား၊ ကြော်စားကြတာများပါတယ်။ ယနေ့တော့ ငါးခူကို ကြော်ပြီး သုပ်စားတဲ့နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများကတော့ ငါးခူ၊ မုန်လာဥနီ၊ တရုတ်နံနံ၊ ကြက်သွန်နီ၊ သရက်သီး၊ သီဟိုဠ်စေ့၊ မုန့်ကြွပ်၊ ငံပြာရည်၊ သကြား၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးကို ရေဆေးသန့်စင်ပြီး ငါးအသားများကို လွှာ၍ လှီးထားပါ။

 

ပြီးလျှင် ငါးအသားလွှာများကို ပြုတ်လိုက်ပါ။

 

ငါးပြုတ်ပြီးရင်တော့ အရေခွံများ ဖယ်လိုက်ပြီး နုပ်နုပ်စဉ်းထားပါ။

 

ပြီးပါက ဆီ၊ မုန့်ကြွပ်မှုန့်များနှင့် ရောနယ်ပေးပါ။ ပြီးရင်တော့ ဆီပူပူမှာ ထည့်ကြော်လိုက်ပါ။

 

သီဟိုဠ်စေ့များကိုလည်း ထည့်ကြော်လိုက်ပါ။

 

ပြီးရင် ဟင်းသီးဟင်းရွက်များကို ရေဆေးသန့်စင်ပြီး လှီးဖြတ်၍ ကြော်ထားတဲ့ ငါးပေါ်သို့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ချထားပါ။

 

နောက်မှ သကြား၊ သံပရာရည်၊ ငံပြာရည်တို့ကို ရော၍ အချဉ်ရည်ပြုလုပ်ထားပါ။

 

ပြီးရင်တော့ ငါးခူမွကြော်သုပ် ကြွပ်ကြွပ်ရွရွလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 10:14
Rate this item
(2 votes)