Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ငါးသလဲထိုးအိုးကပ်လေးချက်စားရအောင်

Unicode

 

ထမင်းမြိန်စေမယ့် ငါးသလဲထိုးအိုးကပ်လေးချက်စားရအောင်


ငါးသလဲထိုးပေါ်တုန်းလေးမှာ ငါးသလဲထိုးအိုးကပ်လေး ချက်စားလိုက်ရအောင်လို့ အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ငါးသလဲထိုး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်ခြောက်၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ နံနံပင် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ငါးသလဲထိုးကို ရေစင်အောင်ဆေးကြောပါ။ ညှီနံ့ပျောက်အောင် အချဉ်ရေ ဗီနီဂါလေးထည့်ပြီး ဆေးလိုက်ပါ။

 

ပြီးရင်တော့ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့် တို့နှင့် နယ်ပေးထားပါ။

 

Read More >>>>> ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန

 

 

ပြီးနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်တို့ကို ရောကြိတ်ထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းကို စိတ်ကြိုက်လှီးဖြတ်ထားပါ။

 

ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် ကြိတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်တို့ကို ထည့်လိုက်ပါ။

 

ပြီးရင်တော့ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းကိုအုပ်ပြီး မီးအေးအေးတွင် ရေခန်းပြီး ဆီပြန်သည်အထိ ချက်ပေးပါ။

 

ဆီပြန်လာပြီဆိုရင်တော့ ငါးသလဲထိုးတွေကို ထည့်လိုက်ပါ။ ပြီးနောက် ခပ်ဖွဖွလေးမွှေပေးပါ။

 

ပြီးလျှင် ဆီပြန်ပြီး အိုးကပ်သည်အထိ ငါးကိုချက်ပေးပါ။  နောက်ဆုံးကျက်ပြီဆိုရင်တော့ နံနံပင်လေးကို အပေါ်ယံအုပ်ပြီးရင် မီးဖိုပေါ်မှချလိုက်ပါ။

 

ပြီးရင်တော့ ထမင်းပူပူ၊ ငါးပိရည်လေးနဲ့ အရမ်းလိုက်ဖက်တဲ့ ငါးသလဲထိုးအိုးကပ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

# Myanmar Food Industry Directory

 

 

 

ထမင္းၿမိန္ေစမယ့္ ငါးသလဲထိုးအိုးကပ္ေလးခ်က္စားရေအာင္

 

ငါးသလဲထိုးေပၚတုန္းေလးမွာ ငါးသလဲထိုးအိုးကပ္ေလး ခ်က္စားလိုက္ရေအာင္လုိ႕ ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းေတြကေတာ့ ငါးသလဲထိုး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခရမ္းခ်ဥ္သီး၊ င႐ုတ္ေျခာက္၊ င႐ုတ္သီးစိမ္း၊ ဆား၊ ဟင္းခတ္မႈန္႕၊ နႏြင္းမႈန္႕၊ နံနံပင္ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး ငါးသလဲထိုးကို ေရစင္ေအာင္ေဆးေၾကာပါ။ ညွီနံ႕ေပ်ာက္ေအာင္ အခ်ဥ္ေရ ဗီနီဂါေလးထည့္ၿပီး ေဆးလိုက္ပါ။

 

ၿပီးရင္ေတာ့ ဆား၊ ဟင္းခတ္မႈန္႕၊ နႏြင္းမႈန္႕ တို႕ႏွင့္ နယ္ေပးထားပါ။

 

Read More >>>>> ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန

 

ၿပီးေနာက္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္ေျခာက္တုိ႕ကို ေရာႀကိတ္ထားပါ။

 

ၿပီးလွ်င္ ခရမ္းခ်ဥ္သီး၊ င႐ုတ္သီးစိမ္းကို စိတ္ႀကိဳက္လွီးျဖတ္ထားပါ။

 

ၿပီးေနာက္ ဒယ္အိုးကို မီးဖိုေပၚတင္ၿပီး ဆီထည့္လိုက္ပါ။ ဆီပူလာလွ်င္ ႀကိတ္ထားတဲ့ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴႏွင့္ င႐ုတ္ေျခာက္တို႕ကို ထည့္လိုက္ပါ။

 

ၿပီးရင္ေတာ့ ပါးပါးလွီးထားတဲ့ ခရမ္းခ်ဥ္သီး၊ င႐ုတ္သီးစိမ္းကိုအုပ္ၿပီး မီးေအးေအးတြင္ ေရခန္းၿပီး ဆီျပန္သည္အထိ ခ်က္ေပးပါ။

 

ဆီျပန္လာၿပီဆိုရင္ေတာ့ ငါးသလဲထိုးေတြကို ထည့္လိုက္ပါ။ ၿပီးေနာက္ ခပ္ဖြဖြေလးေမႊေပးပါ။

 

ၿပီးလွ်င္ ဆီျပန္ၿပီး အိုးကပ္သည္အထိ ငါးကိုခ်က္ေပးပါ။  ေနာက္ဆံုးက်က္ၿပီဆိုရင္ေတာ့ နံနံပင္ေလးကို အေပၚယံအုပ္ၿပီးရင္ မီးဖိုေပၚမွခ်လိုက္ပါ။

 

ၿပီးရင္ေတာ့ ထမင္းပူပူ၊ ငါးပိရည္ေလးနဲ႕ အရမ္းလိုက္ဖက္တဲ့ ငါးသလဲထိုးအိုးကပ္ေလးကို အရသာရွိစြာ သံုးေဆာင္ႏိုင္ပါတယ္။

 

# Myanmar Food Industry Directory

Read times Last modified on Monday, 03 February 2020 15:35
Rate this item
(0 votes)