Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

20 7 2023

မန္တလေးကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်းမှာ လှောင်သမားထုတ်ရောင်းမှုရှိခြင်း၊ မြို့တွင်းစားသုံးရန် ဝယ်ယူမှုပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ်လျှင် ၉၈၀၀၀ ကျပ်မှ ၉၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသ တစ်ခုထဲမှ ထွက်သောဆန်ဖြစ်ခြင်းကြောင့် အထွက်နည်း အဝင်နည်းခြင်းကြောင့် တအိတ် ၁၀၂၀၀၀ ကျပ်မှ ၁၀၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

မနောသုခဆန်မှာ အဝင်ပုံမှန် မြို့တွင်းသုံးပုံမှန်ရှိခြင်း၊ စိုက်ပျိုးထားချိန်ဖြစ်၍ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ငစိန်ဆန် နှင့် ဇီယာ ဆန်မှာလည်း အဝင်ပုံမှန် မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်း၊ စိုက်ပျိုးထားချိန်ဖြစ်ခြင်းကြောင့်
ငစိန် တစ်အိတ် ၅၈၀၀၀ ကျပ်၊
ဇီယာဆန် တစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

ဧရာမင်းဆန်မှာ စားသုံးမှုများလာခြင်း စိုက်ဧကနည်း အထွက်နည်း အဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 20 July 2023 18:56
Rate this item
(0 votes)