Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

21 7 2023

မန္တလေးကိုင်းတန်းဈေးဆန်ပွဲရုံများတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘို ပေါ်ဆန်းတို့မှာ အသစ်စိုက်ပျိုးထားဆဲဖြစ်ခြင်း၊ လက်ကျန်နည်းခြင်း၊ မြို့တွင်းစားသုံးမှုအတွက် ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၁၀၅၀၀၀ ကျပ် မှ ယခုအပတ် ၁၁၃၀၀၀ ကျပ် သို့ ဈေးမြင့်သွားပြီး ရန်ကုန်ပေါ်ဆန်းမှာလည်း ၉၅၀၀၀၀ ကျပ်မှ ၉၆၀၀၀ ကျပ်သို့ ဈေးမြင့်သွား သည်။

မနောသုခဆန်မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်း၊ လှောင်သမားထံမှဝယ်ရခြင်း၊ မြို့တွင်းလူလတ်တန်းစားအများဆုံးဖြစ်၍ ဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်မှ ၈၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ဇီယာဆန်မှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်း၊ ကွပ်ခိုင်၊ ဗန်မော် တင်ပို့ရမှုနည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၇၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမားနှင့် အဝေး တင်ပို့ရမှုနည်းခြင်းကြောင့် ၅၈၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

ဧရာမင်းဆန်မှာ အထွက်နည်း အဝင်နည်းခြင်း၊ လက်ကျန်နည်းသွားခြင်း၊ အသစ်စိုက်ပျိုး ထားဆဲဖြစ်ခြင်းကြောင့် ယခင်အပတ်တစ်အိတ် ၁၀၀၀၀၀ ကျပ်မှ ယခုအပတ် ၁၁၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 29 July 2023 06:00
Rate this item
(0 votes)