Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးစျေးကွက်အတွင်း မြင်းခြံ ကြက်သွန်နီများ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ ပေါက်စျေးရှိနေ

မန္တလေး စျေးကွက်အတွင်း မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ ပေါက်စျေး

ရှိနေကြောင်း အာလူးပွဲရုံပိုင်ရှင်က ပြောပြ၍သိရသည်။


မန္တလေး စျေးကွက်အတွင်း နိုဝင်ဘာလ ဒုတိယပတ်မှစ၍ မြင်းခြံဘက်မှ ထွက်ရှိသည့် ကြက်သွန်နီများ ဆက်တိုက်

အဝယ်လိုက်လျက်ရှိကြောင်း၊ ပြည်တွင်းစျေးကွက်အပြင် ပြည်ပကလည်း ကြက်သွန်နီများကို ဝယ်ယူမှုများပြားသဖြင့်

စျေးကောင်းရရှိနေကြောင်း သိရသည်။


“မန္တလေးစျေးကွက်ထဲမှာ အခုလက်ရှိ မြင်းခြံဘက်ကထွက်တဲ့ ကြက်သွန်နီတွေကို ကုန်သည်တွေတော်တော်များများ

ဝယ်ယူနေကြတယ်။ အခုလက်ရှိ မြင်းခြံဘက်ကနေဝင်လာတဲ့ ကြက်သွန်နီတွေက မန္တလေးစျေးကွက်ထဲမှာ

စျေးကောင်းပြန်ပြီးရနေတယ်” ဟု အာလူးပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။

 

မန္တလေး စျေးကွက်အတွင်း နိုဝင်ဘာလ ပထမပတ်က မြင်းခြံဘက်မှထွက်ရှိသည့် ကြက်သွန်နီ တစ်ပိဿာလျှင်

ငွေကျပ် ၄၀၀၀ သာပေါက်စျေးရှိခဲ့သော်လည်း ယနေ့ပေါက်စျေးအရ မြင်းခြံဘက်မှထွက်ရှိသည့် ကြက်သွန်နီ

တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀ ရှိပြီး စျေးကောင်း ရရှိလာကြောင်း သိရသည်။


“မန္တလေးစျေးကွက်ထဲမှာတော့ အခုလတ်တလော မြင်းခြံဘက်က ထွက်ရှိတဲ့ ကြက်သွန်နီက စျေးအကောင်းဆုံး

အနေအထားမှာ ရှိနေတယ်။ မုံရွာဘက်ကထွက်ရှိတဲ့ ကြက်သွန်နီကတော့ မန္တလေးစျေးကွက်ထဲမှာ အရောင်းအဝယ်

ပုံမှန်အတိုင်းပဲ ဖြစ်နေပါတယ်” ဟု အောင်ကြက်သွန်နှင့် အာလူးပွဲရုံပိုင်ရှိက ပြောပြ၍ သိရသည်။

 

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Tuesday, 15 November 2022 10:28
Rate this item
(0 votes)