Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူးဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

21 7 2023


မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် ကြက်သွန်နီဈေးနှုန်းမှာ မြင်းခြံ၊ တောင်သာ၊ ဆိပ်ဖြူ၊ မုံရွာတို့မှ ဝင်ရောက်သော်လည်း လာရှိုး၊ တန့်ယန်း၊ အင်တော်၊ ရွှေတောနှင့် အမှာရှိသော မြို့များ တင်ပို့ရမှုရှိခြင်းကြောင့် ကြီးတစ်ပိဿာ ၂၂၀၀ ကျပ်၊ လတ်တစ်ပိဿာ ၁၉၀၀ ကျပ်၊ သေး တစ်ပိဿာ ၁၆၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ (တရုတ်) မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ အရည်အသွေးပေါ်မူတည်၍ ၇၀၀၀ ကျပ် မှ ၇၂၀၀ ကျပ်ထိ ဈေးမြင့်နေပြီး ကြက်သွန်ဖြူ (မြေပြန့်) မှာ ပစ္စည်းရှားခြင်းကြောင့် တစ်ပိဿာ ၁၀၀၀၀ ကျပ်ထိ ဈေးမြင့်နေသည်။ ကြက်သွန်ဖြူ (ရှမ်း) မှာ လက်ကျန်နည်းခြင်းကြောင့် အရည်အသွေးပေါ် မူတည်၍အကောင်းဆုံး ၈၅၀၀ ကျပ်မှ အနိမ့်ဆုံး ၇၅၀၀ ကျပ်ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။


အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများ ဝင်ရောက်မှုရှိပြီးတစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၇၀၀ ကျပ် တရုတ်အာလူး ၂၅၀၀ ကျပ်ဖြင့် မြို့တွင်းစားသုံးမှုပုံမှန်ရှိနေသည်။ ချင်းဈေးနှုန်းအနေ ဖြင့် အောင်ပန်းဘက်မှ ဝင်ရောက်ပြီး မြို့တွင်းသုံးသာရှိခြင်း၊ အခက်ကြီးများ မဝင်သေးခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ်ထိ ရောင်းချနေသည်။

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Saturday, 29 July 2023 06:02
Rate this item
(0 votes)