Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မာလာအာလူးနဲ့ ကြက်သားဟင်း

ကြက်သားကို ချက်နေကျအတိုင်းမချက်ဘဲ ထူးထူးဆန်းဆန်းလေး စားချင်သူတွေအတွက် မာလာအနှစ်ကိုအသုံးပြုပြီး အရသာရှိတဲ့ ကြက်သားဟင်းချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ အာလူး၊ မုန်လာဥနီ၊ သခွားသီး၊ ကြက်သွန်ဖြူ၊ ချင်း၊ မာလာအနှစ်ထုပ်၊ ဆလပ်ရွက်၊ နံနံပင် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အတုံးလေးတွေဖြစ်အောင် တုံးထားပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူ ရောထောင်းပြီး နှပ်ထားပါ။

 

အာလူးကို အခွံနွှာ ပါးပါးလှီး၍ ဆားအနည်းငယ်ထည့်၍ ရေဖြင့် စိမ်ထားပေးပါ။

 

ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်လိုက်ပါ။ ဆီပူလာလျှင် မာလာအနှစ်ထုပ်ကိုထည့်ပြီး ဆီသတ်ပါ။

 

Read More >>>>> ပင်လယ်စာကြိုက်နှစ်သက်သူတွေအတွက် ကင်းမွန်ချိုချဉ်ကြော်

 

ပြီးနောက် ကြက်သားထည့်ပြီး ချက်လိုက်ပါ။ ကြက်သားနူးအောင် ရေအနည်းငယ်ထည့်ပြီး အဖုံးကိုအုပ်ပေးထားပါ။

 

ပြီးလျှင် ကြက်သားနူးလာရင် အာလူးကိုထည့်လိုက်ပါ။ အာလူးနူးအောင် ရေအနည်းငယ်ထည့်ပြီး ချက်လိုက်ပါ။ ပြီးနောက် အရသာအတွက် ဆား၊ ကြက်သားမှုန့်တို့ ထည့်လိုက်ပါ။

 

နောက်ဆုံး အာလူးလည်းနူး၊ ကြက်သားလည်း နူးပြီဆိုရင်တော့ အပေါ်မှ နံနံပင်လေးအုပ်ပြီး မီးဖိုပေါ်မှ ချပြီးရင်တော့ အရသာရှိတဲ့ မာလာကြက်သားဟင်းကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Saturday, 26 January 2019 10:41
Rate this item
(1 Vote)