Myanmar
မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
2 8 2023
မန္တလေးဈေးကွက်တွင် ဆန်ဈေးနှုန်း အခြေအနေများမှာ
ရန်ကုန်ပေါ်ဆန်းမှာ လက်ကျန် နည်း၊ အဝင်နည်း စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၇၀၀၀ ကျပ်မှ ၉၈၀၀၀ ကျပ်၊
ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၀၅၀၀၀ ကျပ်မှ ၁၂၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
မနောသုခဆန်မှာ မိုးစပါးပေါ်ချိန်နီးခြင်း၊ စားသုံးမှု ပုံမှန်၊ အဝင်ပုံမှန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ငစိန်ဆန်မှာ ရန်ကုန်ဈေးကွက်မှတစ်ဆင့် ဝယ်ယူရသော ဆန်ဖြစ်ခြင်း၊ မုန့်လုပ်ငန်းသမား အဝယ်ပုံ မှန်ရှိခြင်း၊ အသစ်မဝင်သေးခြင်း၊ နယ်ဝေးတင်ပို့ရမှု ရှိခြင်းကြောင့်
ငစိန်ဆန် တစ်အိတ် ၆၀၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်၊
ဇီယာဆန်တစ်အိတ် ၇၀၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်သို့ အသီးသီး ဈေးမြင့်နေသည်။
ဧရာမင်းဆန်မှာ အသစ်စိုက်ထားဆဲဖြစ်ခြင်း၊ စိုက်ဧကနည်း၊ အထွက်နည်း၊ အဝင်နည်း လက်ကျန် နည်းခြင်းကြောင့် တစ်အိတ် ၁၀၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ လည်းကောင်း၊
မဂျမ်းတောတစ်အိတ် ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးအသီးသီး မြင့်နေသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



