Myanmar



မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူးဈေးနှုန်း အတက်အကျများ

မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၁၈ ၈ ၂၀၂၃

မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွှဲရုံများတွင် မြစ်သားကြက်သွန် မဝင်သေးခြင်း၊ မြင်းခြံ၊ တောင်သာ၊ ဆိပ်ဖြူ တို့မှလည်း တရုပ်သို့တင်ပို့ခြင်းကြောင့် မန္တလေးသို့အဝင်နည်းပြီး မုံရွာ ကြက်သွန်များသာ မြို့တွင်းသုံး အဝယ်များခြင်းကြောင့်
● ကြက်သွန်(ကြီး)တစ်ပိဿာ ၂၂၀၀ ကျပ်မှ ၂၄၀၀ကျပ် သို့ဈေးမြင့်သွားပြီး
● ကြက်သွန်(လတ်) တစ်ပိဿာ ၂၂၀၀ကျပ် သေးတစ်ပိဿာ ၁၉၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ် နေသည်။

● ကြက်သွန်ဖြူ (တရုတ်)မှာ လမ်းပမ်းဆက်သွယ်ရေးကြောင့် အဝင်နည်းခြင်းကြောင့် တစ်ပိဿာ၇၂၀၀ ကျပ်မှ ၇၅၀၀ ကျပ်သို့ ဈေးမြင့်သွားသည်၊
● ကြက်သွန်ဖြူ (ရှမ်း) မှာ ကြက်သွန်ဖြူ (မြေပြန့်) မဝင်သေးသဖြင့် တစ်ပိဿာအရည်သွေးပေါ်မှုတည်၍ ၇၀၀၀ ကျပ်မှ ၈၅၀၀ကျပ်ထိ ဈေးအမျိုးမျိုးဝင်ရောက်နေသည်။

● အာလူးဈေးနှုန်းအနေဖြင့် အောင်ပန်းအာလူးများ အဝင်ရှိသော်လည်း ဈေးမြင့်သဖြင့် တရုတ် အာလူးများကိုသာရောင်းဝယ်မှုရှိပြီး တစ်ပိဿာ ၂၆၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

● ချင်းဈေးနုန်းအနေဖြင့် ဥမများသာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၄၅၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

 

 Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 

Read times Last modified on Friday, 18 August 2023 21:06
Rate this item
(0 votes)