Myanmar



မန္တလေးဈေးကွက် ဆီဈေးနှုန်းများနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီဈေးနှုန်းများ နှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

2 8 2023

မန္တလေးတွင် ဆီဈေးနှုန်းများအနေဖြင့် ဈေးများ မသိမသာ မြင့်နေသည်။
ပဲဆီတစ်ပိဿာ ၁၃၀၀၀ မှ ၁၄၀၀၀ ကျပ်၊
နှမ်းဆီတစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ်၊
ပဲပုတ်ဆီတစ်ပိဿာ ၆၂၀၀ ကျပ်၊
မုန်ညင်းဆီတစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ဈေး ရှိသည်။

မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ) ဈေးနှုန်းမှာ ဆောင်းပဲလက်ကျန်နည်းခြင်း၊ မိုးမြေပဲ မဝင်သေးခြင်း၊ ဆီစက်သမား၊ လုပ်ငန်းသမား၊ တရုတ်ဝယ်လက်ရှိခြင်းကြောင့် မြေပဲ (လုံးဆံ) ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ယခင်အပတ် ၆၈၀၀၀၀ ကျပ်မှ ယခုအပတ် ၇၃၀၀၀၀ ကျပ်၊ မြေပဲ (ဆီဆံ) ယခင်အပတ် ၆၃၀၀၀၀ ကျပ်မှ ၇၀၀၀၀၀ ကျပ်သို့ ဈေးအသီးသီး မြင့်သွားသည်။

နှမ်းမျိုးစုံဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ဖြစ်ခြင်း၊ မိုးနှမ်းဝင်ချိန်နီး၍ လှောင်သမား ထုတ်ရောင်းမှု ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၇၅၀၀၀ ကျပ်၊ နှမ်းညို ၂၉၅၀၀၀ ကျပ်၊ နှမ်းနက် ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပန်းနှမ်းမှာ လက်ကျန်နည်းခြင်း၊ အသစ်စိုက်ပျိုးရန် ပြင်ဆင်စ ကာလဖြစ်ခြင်း၊ ရောဆီအဖြစ် သုံးရန် ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၄၅ ပိဿာ ၁၈၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နေကြာ ဈေးနှုန်းမှာမူ ဆောင်းနေကြာအဝင်နည်းခဲ့သဖြင့် လက်ကျန်နည်းခြင်း၊ မိုးနေကြာဝင်ချိန်နီးခြင်း၊ ပစ္စည်းရှားပါးခြင်းကြောင့် ၂၇ ပိဿာ ၁၁၅၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 03 August 2023 18:03
Rate this item
(0 votes)