Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကျိုက်လတ်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ ပေးအပ်

ကျိုက်လတ်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများအား ထောက်ပံ့ငွေ ပေးအပ် Moi.Gov

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန မှ CERP (ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်) အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ဩဂုတ်လ ၂၀ရက်နေ့ နံနက်(၉) နာရီမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

 

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းမျိုးသန့်က CERP (ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်) အရ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်း အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါတယ်။

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထွန်းမျိုးသန့်တို့က ကျေးရွာအုပ်စု (၉) အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့်တောင်သူ (၂၃) ဦး၏ စိုက်ဧက (၁၈၉) ဧကတွင် မျိုးစေ့ ၊ အပင်ပြုစုခြင်း နှင့် မျိုးစေ့ သန့်စင်ခြင်း လုပ်အားခအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁၆၁၁၁၅၀၀) ကျပ်ကို တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရပါတယ်။

 

By Myanmar Food Industry Guide

 

Moi.Gov

 

 

Read times
Rate this item
(0 votes)