Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကင်ချီအရသာ ကြက်ဥပြုတ်လေး လုပ်စားရအောင်

***  Unicode ***

ကင်ချီအရသာ ကြက်ဥပြုတ်လေး လုပ်စားရအောင်

ကြက်ဥကို ပုံစံအမျိုးမျိုးဖြင့် လုပ်စားကြပါတယ်။ ဒီတစ်ခါတော့ ကင်ချီအရသာ ကြက်ဥ လုပ်စားလို့အရအောင်လို့ အောက်တွင်် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ၊ ဆန်ရှာလကာရည်၊ ရိုးရိုးရှာလကာရည်၊ သကြား၊ ကြက်သွန်မြိတ်၊ ကင်ချီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး တည်မည့်အိုးထဲသို့ ဆန်ရှာလကာရည်၊ ရိုးရိုးရှာလကာရည်၊ သကြားနှင့် ရေ တို့ထည့်ပြီး ဆူတောင်တည်ထားပေးပါ။

 

ရေဆူလာပါက မီးဖိုပေါ်မှ ချလိုက်ပြီးနောက် အအေးခံထားလိုက်ပါ။

 

ပြီးရင်တော့ ဖန်ပုလင်းထဲသို့ ကင်ချီအနည်းငယ်ထည့်ကာ ယင်းကင်ချီပေါ်တွင် ကြက်ဥကို တင်ထားပေးပါ။

 

Read More >>>>> ကြက်ဥဈေးနှုန်း ကျဆင်းခဲ့ရာမှ ယခုအခါ အနည်းငယ် ပြန်တက်လာ

 

ပြီးနောက် ကြက်ဥပေါ်တွင် ကင်ချီအနည်းငယ်ထပ်ထည့်ပြီး ယင်းကင်ချီပေါ်တွင် ကြက်ဥကို ထပ်တင်ပေးပါ။

 

ကင်ချီနှင့် ကြက်ဥများအားလုံး ကုန်သည်အထိ တစ်လွှာချင်းစီ ဖြည့်ဖြည်းချင်း ထည့်ပေးပါ။

 

ပြီးပြီဆိုရင်တော့ စောစောက ကျိုထားတဲ့ ရှာလကာရည်ကို ဖန်ပုလင်းထဲသို့ လောင်းထည့်လိုက်ပါ။

 

ပြီးလျှင် ဖန်ပုလင်းအဖုံးကို လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲတွင် ၂၄ နာရီထည့်ထားပေးပါ။

 

အချိန်ပြည့်သွားရင်တော့ ကင်ချီအရသာရှိတဲ့ ကြက်ဥပြုတ်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

မှတ်ချက်။  ။ ကင်ချီစိမ်ထားတဲ့ ကြက်ဥများကို တစ်ပတ်အတွင်း ကုန်အောင် သုံးဆောင်ပေးပါ။

 

Myanmar Food Industry Directory

 

ကင္ခ်ီအရသာ ၾကက္ဥျပဳတ္ေလး လုပ္စားရေအာင္

 

ၾကက္ဥကို ပံုစံအမ်ဳိးမ်ဳိးျဖင့္ လုပ္စားၾကပါတယ္။ ဒီတစ္ခါေတာ့ ကင္ခ်ီအရသာ ၾကက္ဥ လုပ္စားလုိ႕အရေအာင္လို႕ ေအာက္တြင္္ ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းေတြကေတာ့ ၾကက္ဥ၊ ဆန္ရွာလကာရည္၊ ႐ိုးရိုးရွာလကာရည္၊ သၾကား၊ ၾကက္သြန္ၿမိတ္၊ ကင္ခ်ီ တို႕ လိုအပ္ပါမယ္။

 

ပထမဦးဆံုး တည္မည့္အိုးထဲသို႕ ဆန္ရွာလကာရည္၊ ႐ိုးရိုးရွာလကာရည္၊ သၾကားႏွင့္ ေရ တို႕ထည့္ၿပီး ဆူေတာင္တည္ထားေပးပါ။

 

ေရဆူလာပါက မီးဖိုေပၚမွ ခ်လိုက္ၿပီးေနာက္ အေအးခံထားလိုက္ပါ။

 

ၿပီးရင္ေတာ့ ဖန္ပုလင္းထဲသုိ႕ ကင္ခ်ီအနည္းငယ္ထည့္ကာ ယင္းကင္ခ်ီေပၚတြင္ ၾကက္ဥကို တင္ထားေပးပါ။

 

ၿပီးေနာက္ ၾကက္ဥေပၚတြင္ ကင္ခ်ီအနည္းငယ္ထပ္ထည့္ၿပီး ယင္းကင္ခ်ီေပၚတြင္ ၾကက္ဥကို ထပ္တင္ေပးပါ။

 

ကင္ခ်ီႏွင့္ ၾကက္ဥမ်ားအားလံုး ကုန္သည္အထိ တစ္လႊာခ်င္းစီ ျဖည့္ျဖည္းခ်င္း ထည့္ေပးပါ။

 

ၿပီးၿပီဆိုရင္ေတာ့ ေစာေစာက က်ဳိထားတဲ့ ရွာလကာရည္ကို ဖန္ပုလင္းထဲသုိ႕ ေလာင္းထည့္လုိက္ပါ။

 

ၿပီးလွ်င္ ဖန္ပုလင္းအဖံုးကို လံုေအာင္ပိတ္ၿပီး ေရခဲေသတၱာထဲတြင္ ၂၄ နာရီထည့္ထားေပးပါ။

 

Read More >>>>>  ၾကက္ဥေစ်းႏႈန္း က်ဆင္းခဲ့ရာမွ ယခုအခါ အနည္းငယ္ ျပန္တက္လာ

 

အခ်ိန္ျပည့္သြားရင္ေတာ့ ကင္ခ်ီအရသာရွိတဲ့ ၾကက္ဥျပဳတ္ေလးကို အရသာရွိစြာ သံုးေဆာင္ႏိုင္ပါတယ္။

 

မွတ္ခ်က္။  ။ ကင္ခ်ီစိမ္ထားတဲ့ ၾကက္ဥမ်ားကို တစ္ပတ္အတြင္း ကုန္ေအာင္ သံုးေဆာင္ေပးပါ။

Myanmar Food Industry Directory

 

 

Read times Last modified on Monday, 10 February 2020 15:58
Rate this item
(0 votes)