Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်မှာ ဝက်ခေါက်ကြွပ်ကြော် လုပ်စားရအောင်

ဝက်ခေါက်ကြွပ်ကြော်ကို မြေအိုးမြီးရှည်နဲ့စားစား ဒီအတိုင်းပဲစားစား စားလို့ကောင်းတဲ့ ဝက်ခေါက်ကြွပ်ကြော်ကို ဆိုင်တွင်

ဝယ်စားစရာမလိုဘဲ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဝက်ခေါက်၊ ဆား၊ ကြက်သားမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဝက်ခေါက်ကို ရေဆေးသန့်စင်ထားပါ။

 

ပြီးလျှင် ရေနွေးအိုး ပွက်ပွက်ဆူအောင်တည်ထားပြီး အိုးထဲသို့ ဆား အနည်းငယ်ထည့်ပြီး  သန့်စင်ပြီးသား ဝက်ခေါက်ကို နာရီဝက်ကြာအောင် ထည့်ပြုတ် လိုက်ပါ။

 

ကျက်ရင်တော့ ဝက်ခေါက်တွေကို အအေးခံထားပါ။  အေးရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံ ဝက်ခေါက်ကို လှီးဖြတ်ထားပါ။

 

ပြီးရင် ဆား၊ ကြက်သားမှုန့်တို့နဲ့ ရောနယ်လိုက်ပါ။  ပြီးနောက် နယ်ထားတဲ့ ဝက်ခေါက်ကို စိုနေသေးရင် တစ်နာရီခန့်ထားပြီးမှ နေပူ နှစ်ရက်ခန့်လှမ်းပေးထားပါ။

 

ဝက်ခေါက်များ ခြောက်သွားပြီဆိုရင်တော့ မီးဖိုပေါ်ဒယ်အိုးတင် ဆီထည့်ပြီး ဆီပူလာလျှင် မီးပြန်လျှော့ပြီးမှ လှီးထားတဲ့ ဝက်ခေါက် လ က်တစ်ဆုပ်ခန့်ကို ထည့်လိုက်ပါ။ ပြီးရင်တော့ မီးပြန်တင်ပြီး ကြော်ပေးပါ။

 

ဝက်ခေါက်များ ပူစီပေါင်းထလာပြီဆိုရင်တော့ ဝက်ခေါက်တွေကို ဆယ်ယူပြီး ဇကာဖြင့် ဆီစစ်ထားပါ။

 

ပြီးရင်တော့ တွဲဖက်ပြီးပဲစားစား၊ ဒီအတိုင်းပဲစားစား စားလို့ကောင်းတဲ့ ဝက်ခေါက်ကြွပ်ကြော်လေးကို သုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(3 votes)